Wednesday, 2 September 2009

သူငယ်ချင်း ...သို့

သူငယ်ချင်းရေ ဘာပြဲဖစ်ဖြစ်
မင်းလဲရင်ငါထူလို့ ငါလဲရင် မင်းထူခဲ့တယ်..
အလွမ်းမက်ဖြေ အဖော်ပြုလို့
ရင်ခွင်းချင်းလဲ ဆက်ခဲ့တယ်…
အတူပျော် အတူမော်လို့
မဏ္ဍပ်တိုင်လဲ တက်ခဲ့တယ်…
မင်းရှိုက်ရင် ငါပြိုလို့
ငါလိုရင် မင်း ပိုခဲ့တယ်….
လက်သီးကို တမိုးလုပ်
အံတကြိတ်ကြတ်နဲ့
ငါတို့ နှယောက်
ကောင်းကင်ကို စိန်ခေါ်ခဲ့တယ်နော်…။
သူငယ်ချင်းရေ ငါတို့ဝေးနေပေမယ်..
တချိန်ချိန်ဆိုတာ ကို ငါ စီတန်းရင်း
မင်းရှိတဲ့ ကမ္ဘာတစ်ခြမ်းကို ၀ယ်ဖို့
ငါငွေစုနေတယ် ..။
ငါ့ရဲ့ မြို့ တော်မှာ မင်းနဲ့ မပြီးသေးတဲ့ ချက်တပွဲ
ဆက်နွဲ ၇အောင်ငါစောင့်နေတယ်..
ဆက်ဆက် ဆုံကြရအောင် သူငယ်ချင်း…။
…………………………………………………………

0 comments:

 
template by suckmylolly.com flower brushes by gvalkyrie.deviantart.com