ဘာလုပ် ၇မလဲ ……….. ကျနော် ဘာလုပ်ရမလဲ ..။
ဟို့း အ၇င်တုန်းက ဒေသတစ်ခု က လုမျိုးစုတွေ ကမျောက်တွေကိုဖမ်းလို့ ရှီ၇င် လက်တဖက်ဝင် လောက်စရာ အပေါက်လေးပဲထားပြီး သစ်လုံး ကိုအခေါင်းဖောက်ထားလိုက်ပါတယ်….။ပြီးရင် အဲံ ဒီအခေါင်းပေါက်ထဲ မှာ ပဲစေ့တွေ ကို ထည့်ထားပါတယ်…။နောက်ပြီးတော့ မျောက်တွေ များတဲ့နေရာမှာ သွား မျှားတာပေါ့..။မျောက်တွေက သစ်ခေါင်းထဲ ကပဲစေ့တွေ ကို တွေ့၇င် လက်နှိုက်ယူကြတယ်…။ဒါပေမယ့် ဖောက်ထားတဲ့ အပေါက်က လက်တဖက်ဝင်လောက်စရာ အပေါက် လေးပဲ ဆိုတော့လက်သီးဆုပ်တစ်ခုအတွက်တော့ ကျဉ်းနေတာပေါ့..။အဲ့ဒီမှာ ပဲစေ့ လိုချင်တဲ့ မျောက်အတွက် ရွေးချယ်မှု ရှိလာပါပြီ..။ပဲစေ့ကို လက်လွတ်ခံမလား…။ဒါမှမဟုတ် မျောက်ဖမ်းသမားတွေလက်ထဲ မှာအမိခံရမလား..။
လူတိုင်းရွေးချယ်မှုတွေနဲ့ ကြုံတွေ့ နေရတတ်ပါတယ်…။
ဇာတ်လမ်းလေး တပုဒ် ပြောပြချင်ပါတယ်…။
………………………………………………………………………………………………………………………………..........
ကျနော့် နာမည်ကတော့ ဇင်ယော် ပါ..။ဇင်ယော်ဆိုလို့ မိဘတွေအင်းလေး သွားတုန်းမွေးလို့ နာမည်ပေးထားတယ်လို့မထင်လိုက်ပါနဲ့..။ကျနော်မွေးတုန်းက အဖေ အမေ ပေးတဲ့ နာမည်က တစ်မျိုးပါ…။ကျနော်နည်းနည်းအရွယ်ရောက်တော့ အဖေရဲ့ အိပ်ယာဝင်သီချင်းတွေထဲက “ဌက်ကလေး ငွေဇင်ယော်” ကို သဘောကျလို့ ကို့ဘာသာကို ဒီနာမည်ပေးထားတာပါ…။မိဘတွေက တားပါသေးတယ်….။မရပါဘူး ကျနော်အတင်းပူဆာလို့ နာမည်ပြောင်းပေးလိုက်ရပါတယ်…ဇင်ယော်တဲ့လေ..။
ခုတော့ ကျနော်အသက် ၂၈ နှစ်နဲ့ ၀န်ကြီးဌာန တစ်ခုမှာ ခရိုင် ဒုစီမံခံခွဲရေးမှုး ရာထူးနဲ့ အသက်မွေးနေပါတယ်…။အသက်နဲ့ ရာထူးကတော့ မကိုက်ပေမယ့် လူက ကံကောင်းတာလား…ကံမှောက်တာလားတော့မသိပါဘူး…ဒီလိုပဲ ဖြစ်လာတာပါပဲ..။
ကျနော့် လက်ရှိဘ၀ ထဲမှာ ကျနော်တယောက်တည်းလားဆို တော့….? မဟုတ်ပါဘူး ကျနော့်မှာ သိပ်ချစ်ရတဲ့ ချစ်ဇနီးလေ ရှိပါသေးတယ်…။ကျနော့် ဘ၀ မှာ ကျနော်မကျေနပ်မှုတွေ ရှိပါတယ် …။ ၁၀ တန်းအောင်တုန်းက ရမှတ် ကိုမကျေနပ်ပါဘူး…။အလုပ်အကိုင်ပေါ်မှာလဲ မကျေနပ်မှုတွေ ရှိပါတယ်…။ငွေ သုံးရမဲ့ ကိတ်စတွေ မှာ ငွေကို မသုံးနိုင်ခဲ့ လို့ မကျေမနပ်ဖြစ်ခဲ့ရဘူးပါတယ်…မကျေနပ်ချက်တွေကတော့တော်တော်များပါတယ်..။
ဒါပေမယ့်ကျနော့် ဘ၀မှာ ကျနော် ကျေကျေ နပ်နပ် နဲ့ ကို့ ရွေးချယ်မှု မှန်တယ်လို့ ကို့ကိုကို ယတိပြတ်ကောက်ချက်ချနိုင်တဲ့ အဖြစ်ကတော့ အိမ်ထောင်ရေးပါပဲ…။
ကျနော့် အိမ်ထောင်ဖက်က ကျနော်ငယ်ငယ်လေးကတည်းက ချစ်ခဲ့ရသူပါ..။အိမ်ထောင်ပြု ရမယ့်အရွယ်ကိုရောက်တော့ သူ့ကို ရွေးချယ်ခဲ့ပါတယ်…။သူကလဲ ကျနော်ကို ချစ်ရင်းစွဲ မို့ ကျနော်တို့ လက်ထပ်ခဲ့ ပါတယ်..။ကျနော်တို့ အိမ်ထောင် သက် ၄ နှစ်ရှိနေပါပြီ…။ခုထိအချစ်မလျော့သေးပါဘူး…။ကျနော် သူ့ကို အ၇မ်းချစ်တယ်…။သူရှီနေရင် ကျနော့်အတွက်ဘာမှမလိုတော့ဘူးလို့ သတ်မှတ်ထားတာ….။သူလဲ ဒီလိုပါပဲ….။ကျနော် တို့ အိမ်ထောင်သက်တလျောက် ရန်လဲ မဖြစ်ကြဘူးဗျ…။ကျနော့် ကအလျော့ပေးလိုက် သူက အလျော့ ပေးလိုက်နဲ့….ပေါ့..။အပေါင်းသင်းတွေကြားမှာဆိုရင် ကျနော့်မိတ်ဆွေတွေ ကကျနော်ကို အားကျကြတယ်လေ…။ကျနော် မိန်းမ ကို တော်ဝင် နာပါတ် ၅ တဲ့..။အော် ကျနော့် မိန်းမ နာမည်က မိုး တဲ့..။
မိုးက ကျနော့်ကို မကြာခဏ ပြောဖူးတယ် သူကွန်ဒိုနဲ့ နေရတာ တော်တော် စိတ်ပျက်တယ်တဲ့…။လုံးချင်းလိုချင်တယ်လို့ မပူစာပေမယ့် ဒီသဘောပဲ နေမှာပေါ့ဗျာ…။အင်း အဲ့ဒီတော့လဲ မိန်းမ အလိုကို ဖြည့်ပေးဖို့ ကြံဆောင်ရတာပေါ့ဗျာ..။ပုံမှန်ဝန်ထမ်းတယောက်အတွက် လုံးချင်အိမ်ယာ တစ်လုံး ရုတ်တ၇က် ၀ယ်ဖို့ဆိုတာ ထီပေါက်မှပဲ ရမှာလေ…။အဲ့ဒီတော့ ကျနော်လဲ အဖေ့အမွေ ခြံလေးကို ထုခွဲရတော့မှာပေါ့…။အဖေက အဲ့ဒီခြံမှာ နွားတွေမွေးထားတာလေ…။အဖေ သေတာတောင်သူ့နွားတွေကိုစိတ်မချနိုင်ခဲ့ဘူး…။အဖေ့သံယောဇဉ် နွားခြံ ကိုေ၇ာင်းထုတ်ရမှာဆိုတော့နည်းနည်းတော့ စိတ်မကောင်းဖြစ်သားဗျ..။အော်လေ ဒါပေမယ့် မိဘဆိုတာ က သားသမီး အပြုံး အတွက်ဆို ဘာမဆို လုပ်မယ့် လူသားတွေမှတ်လား..ကျနော်ကလဲ မိုးပြုံးမှ ပြုံးနိုင်မယ့်သူလေဗျာ..။
ခြံရောင်းရတဲ့ငွေက တော်တော်၇တယ်ဆိုပေမယ့် လုံးချင်းအတွက် က ငွေလိုနေပြန်ရောဗျ ခုနေတဲ့တိုက်ခန်းလေးကိုရောင်း၇မှာပါပဲလေ..။အမည်ပေါက် က ကျနော်ဆိုတော့ အဆင်တော့ပြေသားပဲ…။အင်း လိုတဲ့ငွေကိုတော့ ရုံးကနေချေး၇မှာပဲလေ…။လုံးချင်အိမ်အတွက်စာချုပ် ချုပ်တော့ ပိုင်ရှင်နေရာမှာ မိုးနာမည်ပဲထည့်ထားလိုက်ပါတယ်…။သူ့ကိုလက်ဆောင်ပေးမှာဆိုတော့ ကျနော့်နာမည်နဲ့ ဆို၇င် ဘယ်ကောင်းမလဲနော်…။သိပ်များတစိမ်းဆန်သလိုဖြစ်သွား လားမသိဘူး..။လင်မယားတွေပဲ မိုးပိုင်တာကျနော်ပိုင်တာပါပဲ ဆိုပြီးတော့ မိုးနာမည်နဲ့ ပဲ ထားလိုက်ပါတယ်..။
အော် ဘာလိုလို နဲ့ ၄ နှစ်မြောက် မင်္ဂလာ နှစ်ပါတ်လည်တောင်ရောက်တော့မှာပါလားနော်…။ဒီလုံးချင်းအိမ်လေးကို ကျနော်ကမင်္ဂလာ နှစ်ပါတ်လည် လက်ဆောင်အဖြစ်နဲ့ မိုးကိုလက်ဆောင်ပေးရမယ်…။မိုးဘယ်လောက်ပျော်လိုက်မလဲ….။မိုး ရဲ့ ပြုံး ပျော်နေတဲ့ မျက်နှာလေးကို စိတ်ထဲ မြင်ယောင်ပြီးတော့ ကျနော်ကိုယ်တိုင်လဲ ကြည်နူးမိတယ်…။မိုးတသက်လုံး ပျော်နေစေနိုင်ဖို့ အတွက် ကျနော်အစွမ်းကုန် ကြိုးစားသွားမှာပါ…။
ဒီနေ့……………၄ နှစ်မြောက် မင်္ဂလာ နှစ်ပါတ်လည် နေ့…..
မနက်က မိုးကို ဒီနေ့ဘာနေ့လဲလို့မေးတော့ အင်္ဂါနေ့တဲ့လေ..။ မိုးမေ့နေတာတော့ မဖြစ်နိုင်ပါဘူး…။သူလဲ တစ်ခုခု စီစဉ်ထားပြီးကျနော်ဝမ်းသားအောင် လုပ်ထားမှာပါ..။ရုံးကို ခွင့်တ၀က်တိုင်လိုက်တယ်..အကြောင်းသိမိတ်ဆွေတွေကိုလဲ ကျနော်တို့ အိမ်နားက စားသောက်ဆိုင်ကိုချိန်းထားလိုက်ပါတယ်…လင်စုံမယားဖက်ဖိတ်ထားတာပေါ့ဗျာ…။အရင်ဆုံး အိမ်ကို ပြန်ပြီး မိုး အလှပြင်ခိုင်းရမယ်…။မိုးကမပြင်လဲ လှနေမယ့် အလှတွေ ရှိတယ်ဗျ….။ဟဲဟဲ မိတ်ဆွေတို့တော့ ဘယ်သိမလဲ ဗျ..။
ကွန်ဒို ၆ထပ် ကို ဓါတ်လှေကား စောင့်ပြီးတတ်နေကျ ကျနော်က ဒီနေ့တော့ စိတ်ဆောင်နေလို့လားမသိဘူး.. လှေကားထစ်တွေကပဲ တက်လာခဲ့ပါတယ်…လက်ထဲက အိမ်ခြံမြေစာချုပ်လေး ကို ကြည့်ရင်းနဲ့ အမောတွေ ပျောက်ကုန်တယ်ထင်ပါတယ်ဗျာ..။
အခန်းတံခါးကို ခေါက်မယ်လို့ ဟန်ပြင်ပြီးမှ မိုးကိုစချင်တာနဲ့ ပဲ ကျနော့်မှာရှီတဲ့ သော့အပိုနဲ့ ဖွင့်ဝင်ခဲ့ပါတယ်…။
ဟင်…မိုးဘယ်သွားနေပါလိမ့်…အခန်းကလဲ မှောင်မဲလို့..
အော် အိပ်နေတယ်ထင်တယ်…။
ကျနော်လဲ ပြုံးလိုက်မိတယ်..ဒီအချိန်ဆို ရင် မိုးမအိပ်တတ်ပါဘူး…ကျနော့်ကိုစနေတာပဲ နေမှာပါ…။အိပ်ခန်းနားကို ချေဖော့ပြီး ကပ်သွားလိုက်တယ်…။
“ဟင်း..ဟင်း..ဟင်း…”
မိုး ရဲ့ ရီသံ ပဲ ..သေချာတာပေါ့ မိုးကနော့်ကို နောက်နေတာပဲ…။
အခန်းတခါးကို ကျနော်အသာလေး လှည့်ဖွင့်လိုက်ပါတယ်…….
“”ဟာ……””
ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းက …… ကျနော့်ခန္ဓာကိုယ်က သွေးတွေပေါက်ထွက်သလားမှတ်ရ ပါတယ်…။ငယ်ထိပ်ကို တထုတ်ထုတ် တိုးနေတဲ့ သွေး တွေက ခေါင်းတခုလုံး ကျေမွသွားလောက်ပါတယ်....အသက်မရူပဲ မှင်သက်မိသွားတဲ့
မျက်လုံးထဲမှာ လဲ နွေခေါင်ခေါင်မှာ အပူရှိန်ကြောင့်တံလျပ်တွေ ထသလို ပဲ အမြင်တွေ တောင်ေ၀၀ါးကုန်ပြီ..
ကျနော်မရပ်တည်နိုင်တော့လို့ တခါးဘောင်ကို လမ်းကိုင်လိုက်ရတယ်…။မြင်ကွင်း ကို မျက်နှာလွဲ ဖို့ကြိုးစားရင်းနဲ့ ခေါင်းကို တခါးဘောင်နဲ့ ဆောင့်ချလိုက်မိတယ်…။စိတ်ထဲက မြင်ကွင်းကတော့ချက်ချင်းပျောက်မသွားပါဘူး..။
မိုး….အခန်းထဲ မှာရှိနေပါတယ်…တယောက်တည်းထဲတော့မဟုတ်ပါ…။ကျနော်မဟုတ်တဲ့ အခြားယောက်ျားတယောက်နဲ့ပါ…။
(((((((((((အားး)))))))))))))
ကျနော်မိုးမျက်နှာကိုပြန်ကြည့်လိုက်ပါတယ်..မိုးက သူခန္ဓာ ကိုယ်ကို စောင်နဲ့ ကွယ်ထားပြီးတော့ ကျနော့်ကိုကြောင်ကြည့်နေပါတယ်..ရှက်နေတဲ့ ပုံပဲဗျ..
ဟားဟား… တကယ်ဆို ကနော်က တရားဝင် ၄ နှစ်လုံးပေါင်းလာတဲ့လင်ယောက်ျားပါ….။
ကောင်လေးကတော့ ကြောက်နေတဲ့ပုံပဲ ဗျ…။မြင် ကွင်းက ရှင်းစရာမလိုအောင်ကို ရှင်းလေပြီလေ…။ကျနော်ခန္ဓာကိုယ်က သွေးတွေဆူပွက်ထွက်လာပြန်ပါတယ်…။လက်နှစ်ဖက်စလုံးက ကျနော်မသိလိုက်ခင်မှာပဲ လက်သီးဆုပ်ပြီးသားဖြစ်နေပါပြီ..။
ကျနော်ဘာလုပ်သင့်လဲ…ရုတ်တရက် ကျနော်စာကြည့်စာပွဲ ပေါ် မှာချိတ်ထားတဲ့ ဌက်ကြီးတောင် ဓါးကို မျက်လုံးရောက်သွားပါတယ်….။
ဒေါသ…ကျနော်မှာ ဖြစ်တောင့်ဖြစ်ခဲဒေါသ ……
သတ်မယ်….
ကျနော်ခြေလှမ်းပြင်မလို့ဟန်ပြင်လိုက်ပေမယ် ခြေထောက်တွေကရွေ့မလာပါဘူး….။
ကျနော်မျက်လုံးထဲမှာ နောက်ထက် တစ်စုံတစ်ခုကို ထပ်မြင်တွေ့လိုက်ပါတယ်..။အဲ့တာက တော့ ချိတ်ထားတဲ့ ကျနော့် ဓါးရဲ့ နားက ကျနော်နဲ့ မိုးရဲ့ မင်္ဂလာဆောင် ဓါတ်ပုံ ပါ…။
ကျနော် ရွေးချယ်ရပါတော့မယ်။ ကျနော်တို့ လိုအပ်နေတာ ဘာလဲ..ဘာလုပ်ချင်တာလဲ…။
Sunday, 30 August 2009
ရွေးချယ်ခွင့်
Posted by mythical.lion1 at 13:31
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment