Wednesday, 2 September 2009

ကံ့ကော်...သို့....

ပြောပါ... မင်းငါ့ကိုဘယ်တော့အိမ်မက် မက်မှာလဲ...
မင်းပိုင်ဆိုင်တဲ့အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ...ငါ
တိတ်တိတ်လေး၇ပ်စောင့်နေတာကြာပြီလေ...။

မင်းသိရဲ့ လား.....
ရွက်ကြွေတောမှာ သစ်ရွက်ဟောင်းတွေ မြေဆွေးဖြစ်လို့.....
ခင်တန်းတွေတောင်အထပ်ထပ်ပြောင်းခဲ့ပါပြီ...
ငါ့၇င်ခွင်တစ်ခြမ်းဆီက မင်းပျိုးကျဲခဲ့တဲ့အပင်လေးကတော့...ရှင်သန်လျက်...။

ဘာပင်မှန်း ငါမသိပေမယ့် ငါ့နှလုံးသားကိုအမြစ်တွယ်လို့...သူ
နှစ်ပေါင်းတော်ကြာ ကြီးထွားလာခဲ့ပါပြီ...။

ငါချစ်တဲ့ငါ့၇ဲ့ သစ်ပင်လေး.....
မင်းဘယ်တော့ပွင့်လန်းလာမှာလဲ...။

ငါ့၇ဲ့ သစ္စာ ၊ အချစ် အ၇ာအားလုံးပေးဆပ်ပြီးတောင်းဆိုချင်ပါတယ်...
(တိုးတိုးလေးဆုတောင်းလိုက်ပါတယ်ငါ့၇ဲ့ သစ်ပင်ငယ် ...)

ကံ့ကော်တွေပွင့်ပါတော့...///

ကံ့ကော်တွေပွင့်ပါတော့....///

0 comments:

 
template by suckmylolly.com flower brushes by gvalkyrie.deviantart.com