skip to main
|
skip to sidebar
စကားနည်းတဲ့ ဇင်ယော်...
Thursday, 16 July 2009
သွား….သွား….သွား
ဒီနေ့ ကျနော်တို့ ၁၀ တန်းစာမေးပွဲ နောက်ဆုံးနေ့ပါ…။လွတ်လပ်ပျော်ရွင်မှုနဲ့ အတူ ကျောင်းသားဘ၀ ကို ကျနော်တို့ အပြီးတိုင်စွန့်လွှတ် ၇တော့မှာပါ…။ကျောင်းပေါက်ဝ ကိုရောက်လို့ ကျောင်းဝန်းထဲက ထွက်ဖို့ ခြေလှမ်းပြင်လိုက်တဲ့ အချိန်မှာပဲ ၀မ်းနည်းစိတ်က လှိုက်ခနဲစို့တက်လာပါတယ်…။ ကျောင်းကြီးကိုနောက်လှည့်ကြည့်မိရင် မျက်ရည်တောင် ကျမိမယ်ထင်ပါတယ်..။ကျနော့်သူငယ်ချင်းတွေက ဆ၇ာတွေ ဆရာမတွေနဲ့ ကျောင်းအနှံ့လိုက်နှုတ်ဆက်နေကြပါတယ်…။ကျနော်ကတော့ ဒီတိုင်းပဲ နှုတ်မဆက်ပဲ ထွက်လာခဲ့ ပါတယ်…။ကျနော့်အကျင့်က အမှန်တကယ်ခွဲခွာ သွားတော့မယ်ဆို၇င် ဘယ်တော့မှနှုတ်မဆက်တတ်ပါဘူး…။ကောင်းလားဆိုးလား တော့မသိပေမယ့် ကျနော်ကတော့ အဲ့လို အသိမပေးတာဟာ ခွဲခွာခြင်းဆိုတဲ့ ၀မ်းနည်းမှု ကိုသက်သာစေတယ်လို့ ခံစားရပါတယ်…။
ကျနော် အမေ့ဆီသွားဦးမှပဲ..။အမေဆိုင်ကတော့ ဒီအချိန်လူကျနေလောက်ပြီထင်ပါတယ်…။အမေက ကားဂိတ်မှာ လက်ဖက်ရည် ဖွင့်ထားတာပါ…။နေ့လည် ၁ နာရီ ၀န်းကျင်ဆို လူများတတ်ပါတယ်…။ဆိုင်စကားနဲ့ ပြောမယ်ဆို၇င်တာ့ လူကျတယ်ပေါ့ဗျာ…။ကျနော်ကတော့ အဲ့ဒီစကားလေးကို တော်တော်သဘောကျတယ်ဗျ…။ဘယ်အရာဝထ္ထုမဆို ကျ၇င် အမြန်ကျတတ်တယ်မဟုတ်လား…။ဆိုင်မှာလူကျနေတယ်လို့ ပြောရင် ကျနော်ကတော့ လူတွေ ဆိုင်ထုတ်တန်းပေါ်ကနေ တဖုတ်ဖုတ် ပြုတ်ကျလာတဲ့ပုံ ကိုမျက်စိထဲ ပြေးမြင်မိပါတယ်..။
အမေ့ဘ၀ က အထီးကျန်ဆန်တယ်လို့ကျနော်ခံစားမိတယ်..။ကျနော်က အဖေနဲ့ နေတာပါ..။အမေကတော့ အဖေနဲ့ ကွဲပြီးကတည်းက တယောက်တည်း စီးပွားရှာပြီးတော့ နေလာခဲ့တာပါ..။အမေ့စီပွားေ၇းကို ကူညီချင်ပေမယ့် ကျနော်ကလဲ ကျောင်းတဖက်နဲ့ဆိုတော့ အပြည့်အ၀တော့ မကူနိုင်ပါဘူး….။ခုတော့ ကျောင်းပိတ်ပြီဆိုတော့ ကျနော်အမေ့ဆီမှာ ခဏတော့ နေပြီး အမေ့ကိုကူချင်စိတ် ရှိတာနဲ့ မနေ့ ညကအဖေ့ဆီက ခွင့်တောင်းလာခဲ့ပါတယ်…။
………………………………………………………………………………………………………………………………..
“အမေ”
“ဟယ်…သားလေး..လာပြီ..စာမေးပွဲဖြေနိုင်လားသား…။”…အမေကဆိုင်မှာ စားပွဲ ထိုးနေရင်းနဲ့ ကျနော့်ကိုလှမ်း နှုတ်ဆက်ပါတယ်…။အမေက အဲ့လိုပါပဲ ဆိုင်ရှင်ဆိုပြီးတော့ ကောင်တာမှာ ထိုင်ခိုင်းလို့ မရပါဘူး…။ဘာပဲ လုပ်လုပ် သူ့လက်သူ့ခြေ မှကြိုက်တာပါ…။
“ဟုတ်.. အမေ..ဖြေနိုင်ပါတယ်…သားအမေ့ကို ကူဖို့ လာခဲ့တာ ..”
“အမလေး လိမ်မာ လိုက်တဲ့ သားလေး အမေတော့ အားကိုးရပြီ…”အမေ မအားပါ..ကျနော့်ကို စကားပြောနေရင်းတန်းလန်းနဲ့ ဆိုင်အစွန်က ၀ိုင်းဆီကို ပိုက်ဆံ ရှင်းဖို့ ထွက်သွားပါတယ်….။
“ရှင်းမယ်…”
“ဟုတ်ကဲ့ လာပါပြီခင်ဗျ..”ကျနော့်ဘေးနားက ၀ိုင်းက ပိုက်ဆံရှင်းမယ်ဆိုလို့ ကျနော်အော်ဖြေ ၇င်းနဲ့ အပြေးလေးေ၇ာက်သွားပါတယ်…။
“ဟာ..သား နေပါကွာ ဦးလေး လုပ်ပါ့မယ်..စာမေးပွဲ ဖြေလာတာ ပင်ပန်းနေမှာပေါ့..။သွားနားပါကွာ…။” ရှပ်လက်တိုနဲ့ အသားဖြုဖြု ဦးလေးတယောက်က ပြောပြောဆိုဆို ကျနော့်အနားကို ရောက်လာပါတယ်..။မျက်နှာစိမ်းပါ…ကျနော်တခါမှမတွေ့ ဖူးပါ….။
“ဦးလေးက ဘယ်သူလဲ ဟင်….”
ကျနော်က ဆိုင်ကအလုပ်သမားတွေ အားလုံးနဲ့ ရင်းနှီးပါတယ်…။ဒီဦးလေးပုံ စံကလဲ အလုပ်သမား ပုံမဟုတ်တော့ အမှန်တကယ် အဲ့သြစွာနဲ့ မေးလိုက်ပါတယ်…။ရုတ်တရက် သူလဲ ပြန်မဖြေအားပါဘူး စားပွဲဝိုင်းပေါ် က အစားသောက်တွေအတွက် ပိုက်ဆံတွက်နေ ပါတယ်…။အားလုံ ရှင်းပြီးတော့မှ သူက ကျနော့်ကိုသေချာကြည့်ပြီးတော့ ပြုံးပြပါတယ်…။(သူ့ သွားတွေက တော်တော် လှပါတယ်…)
“ဦးလေးက သားအမေရဲ့ နောက် ယောက်ျားပါ..”
“ဗျာ…”
ရုတ်တရက် ကျနော်လွယ်ထားတဲ့ ဗလာစာအုပ် တစ်အုပ်သာ ထည့်ထားတဲ့လွယ်အိတ် က ဆန်အိတ်တအိတ် လိုလေးကန် သွားပါတယ်…။
“လာ..သား…အ၀တ်စားလဲ ပါဦး…”
ကျနော် ၇ပ်နေတဲ့ နေရာကနေ ချက်ချင်းလှုပ်ရှားလို့ မရတော့သလို ဖြစ်သွားပါတယ်… ။အဖေပြောခဲ့ ဘူးတဲ့ စကား ကိုလဲ ပြန်သတိရလိုက်ပါတယ်…။
“သား..သားအမေ က အသက်ရော အရွယ်ရော ရှိသေးတယ်သား…သူ တစ်ခုခု လုပ်တော့မယ် ဆိုရင် သားမသိသလိုပဲ နေပေးလိုက်ပါ ကွာ..ပြီးတော့ ကို့ အမေကိုလဲ စိတ်ထဲ မှာ မကျေမနပ် မဖြစ်ရဘူးနော်..”တဲ့…အဖေ ကကြို သိနေသလိုပါပဲလား…။ ။ကျနော် ချက်ချင်းပဲ သတိထားလိုက် ပါတယ်…။
“ဟုတ်ကဲ့ပါ ဦးလေး..အော်..ဦးလေး နာမည်က ဘယ်လိုလဲ ဗျ..။”
“ဦးက ဦးသန်းနိုင်ပါ…”
သူ သဘောကျသွားပုံ ပဲ..ကျနော့်ကို အစွမ်း ကုန် ရယ် ပြပြီးတော့ ပြန်ဖြေပါတယ်…။
“ဖြေနိုင်လားသား..”
“ဟုတ် ဖြေနိုင်ပါတယ် ဦးလေး…”
“သားကတော်ပြီးသား ပါကွာ..”
“ဦးလေးက သိလို့လား..”
“ဟားဟား သိတာပေါ့သားရဲ့…”သူတော်တော် ပျော်နေတဲ့ ပုံပါပဲ သူ့ကြည့်ပြီးတော့ ကျနော်တောင်အပျော်တွေ ကူးစက်လာပါတယ်…။
“အယ်..ဒီနှယောက်က စကားတွေ ဘာတွေကောင်း နေလို့ပါလား…”ပြောပြောဆိုဆို နဲ့ အမေ က ကျနော်တို့ နားကို ရောက်လာပါတယ်…။
“အမေက သားကိုပြောဖို့ ပြောရခက်နေတာ ခုတော့လဲ အဆင်ပြေသားပဲ…”
“သားက တော်တော် ချစ်ဖို့ကောင်းတာပဲ အမ ရ..။”
ဦးလေးက ကျနော့်အမေကို ထောက်ခံပြောလေး ပြောလိုက်ပါတယ်..ကြည့်ရတာ ဦးလေး ကအမေ့ ထက်ငယ်မယ်ထင်ပါတယ်…။
“အစမို့လို့ ပါဦးလေရာ…”
ကျနော်လဲ အရွှန်းဝင်ဖောက်လိုက်ပါတယ်…။အမေ ရော ဦးလေးရော ၇ယ် ကြပါတယ်…။အမေ့ကို ငြင်းဆန်ဖို့ စိတ်ကူးမရှိတဲ့ ကျနော်..အခုလို အမေပျော်နေတာ ကိုပါတွေ့တော့ အမှန်တကယ် ၀မ်းသာမိပါတယ်…။အမေပျော်ပါစေ…။
…………………………………………………………………………………………………………………………….
အမေ့ဆိုင်မှာ ကျနော် အလုပ်လုပ်ရင်း အကြော်ပညာ ကိုသင်နေတာ ၃ လလောက်တော့ ရှိပါပြီ..။အခု ဆို ကျနော် ကိုယ်တိုင် အကြော် ပိုင်း ကိုဝင်နေ နိုင်ပါပြီ…။အကြော်ဆိုတာကလဲ သိပ်အများကြီးတော့ မဟုတ်ပါဘူး..။အီကြာကွေး ၊စမူဆာ ၊ ပလာတာ နဲ့ ဘာဂျာ မုန့်လောက်ပါပဲ…။အဲ့ဒီလောက်လေး တတ်မြောက်ဖို့ ကလဲ တော်တော် ပင်ပင်ပန်ပန်း ကို လေ့လာရတာပါ…။ကျနော့်လက်တွေ ဆို အသားမာတောင်တတ် နေပါပြီ…။
“သား…ကိုဇင်..”
ဦးလေး က အကြော်ဖို နဲ့ ဝေးဝေးကနေ ကျနော့်ကို လှမ်းအော်ခေါ်နေတာပါ..။
“ဗျာ.... ဦးလေး”
“ဦးလေး ညီ ဦးဇင်းတပါး..ဒီနေ့ ၇န်ကုန်ကို ကြွလာမယ်လေ..အဲ့တာ သွားပင့်မလို့…လိုက်ဦးမလား…”
“လိုက်ချင်တယ်..”..မြို့ထဲ မရောက်တာကြာပြီ ဖြစ်လို့ ကျနော် ကိုယ်တိုင်လဲ လမ်းထွက်ချင်နေတာပါ…။
“နာရီဝက်စောင့်မယ်…ရှိုင်းလိုက်တော့..”
“၁၅ မိနစ်ပဲ စောင့်..”
ဆီစစ် ထားတဲ့ အကြော်တွေကို ပ၀ါအုပ်ထားလိုက်ပြီးတော့ ကျနော်ပြောလိုက်ပါတယ်…။
…………………………………………………………………………………………………………………………………….
ရန်ကုန်ဘူတာကြီး ထဲက လူတွေက တော်တော် များပါတယ်…။ကျနော် ကတော့ လက်ဖက်ရည် ဆိုင်အမြင်နဲ့ လိုက်ကြည့်နေပါတယ်…။”အင်း..ဒီလူအုပ် လောက်ဆို အီကြာကွေး ၆ ပိသာလောက် ကတော့ ပြိုက်ခနဲ ပဲ နေမှာ”..ကျနော့်ရှေ့မှာ ရထားစောင့်နေတာလား လူလာကြိုတာလား မသိတဲ့ လူအုပ် တစ်အုပ် ကို ကြည့်ပြီး တွက်ချက် ကြည့်နေမိပါတယ်…။
“ငါ့သားက လူချောလေးပဲ ကွ …”တခါတလေ ဦးလေးက ကျနော့်ကို ကိုဇင်လဲလို့ ခေါ်တတ်ပါတယ်..များသောအားဖြင့်တော့ သားလို့ ခေါ်ပါတယ်…။
“အမေ တူသားလေ ဦးလေးရဲ့ ဒီလောက်တော့ ရှိမှာပေါ့..”
“ဟုတ်ပါ့ ဗျာ…သားက အမေ ကိုတော်တော် ချစ်တာပဲနော်..”
“ချစ်တာပေါ့ ဦးလေး ရယ်…အမေပဲ ..”
“ဦးလေး ကိုရော ချစ်လား..”
အပြုံးတပိုင်းနဲ့ ကျနော့်ပုခုံး ပေါ် လက်တင်ပြီးတော့ မေးပါတယ်…။ကျနော်လဲ ခပ်တည်တည် စိုက်ကြည့်ပြီးတော့ ပြန်ဖြေလိုက်ပါတယ်…။
“နေ့လည်စာကို နီလာ ဒံပေါက်ဆိုင်မှာ ၀ယ်ကျွေးမှာ လား..”
ဦးလေး က ပြန်မဖြေပါ…။ကျနော့်ကို ပြုံးပြီး စိုက်ကြည့်နေပါတယ်…။ကျနော့်ပုခုံးကိုလဲ တင်းနေအောင်ညစ်ကိုင်ထားပါတယ်..။
၇ထားဆိုက်လာပါပြီ…။
“အတွဲ ၃ မှာတဲ့ သားရေ ဦးလေး လိုက်ရှာလိုက်မယ် ဒီကစောင့်နေမှာလား…”
“အာ..မစောင့်ပါဘူး….လိုက်ခဲ့မယ်…ဦးလေးပျောက်သွားရင် ပြန်စရာလမ်းစရိတ်မပါဘူးဗျ..”
“ဟားဟား ၇န်ကုန်သားကတော့ လုပ်ပြီ…”
အထက်တန်း အတွဲ သုံးက ၇ထားရှေ့ ပိုင်းမှာ မို့လို ကျနော်တို့ ၇ထားနောက်ကို ပြေးလိုက်ရပါတယ်…။ဦးလေက ၇ထားပေါ်ကိုတတ်သွား ပါတယ်..ပြန်ဆင်းလာတော့ ခရီးဆောင် အိတ်တလုံးနဲ့ နောက်မှာလဲဦးဇင်းတပါး ရထားပေါ်ဆင်းလာပါတယ်…။ဦးလေးရဲ့ ညီ ဦးဇင်းပဲ ထင်ပါတယ်..။ကျနော်လဲ ဦးဇင်း လက်ထဲ က လက်ဆွဲ အိတ်တွေကို ဆွဲပေးဖို့ ဦးဇင်းနားကို ကပ်သွားပါတယ်..။
“အရှင်ဘုရား တပည့်တော်ကို ပေးပါ ဘုရား…”
“ဟေ…ဒဂါက ဘယ်သူတုန်း..”
..ဦးဇင်းက ကျနော့်ကို ပြန်မေးပါတယ်..ဦးဇင်းရဲ့ ဥပတိရုပ်က တော်တော်ခန့်ညားပါတယ်..။အသံသြဇာ ကလဲ တော်တော် ကောင်းပါတယ်…။ကျနော်ချက်ချင်းကို ကြည်ညိုစိတ် တွေဖြစ်မိပါတယ်…။
“ဦးဇင်လေး အဲ့တာ တပည့်တော် သားပါ”
ဦးလေးက ၀င်ပြောပါတယ်…။ဦးလေး ခေါ်လိုက်တဲ့ ဦးဇင်းလေးဆိုတဲ့ ဝေါဟာရ ကိုတော်တော် သဘောကျမိပါတယ်…။ဟုတ်ပါတယ် ဦးဇင်းကလဲ တော်တော် ၀ါငယ်မယ့်ပုံပါ… သက်တော် ၂၅ လောက်ပဲ ရှိသေးမယ် ထင်ပါတယ်…။
“အော်…ဒဂါသန်းနိုင် ရဲ့ ဇနီး ဘက်က ပါတဲ့သားလား..”
“တင့်ပါ ဘုရား..”
“အင်း ဒဂါသန်းနိုင် လူပျိုဘ၀ထဲက သားလိုချင်နေတာ..ခုတော့ လဲ အဆင်သင့်ပါပဲလား”
“တင့်ပါ ဦးဇင်းလေးရေ တပည့်တော်လဲ တော်တော် ၀မ်းသာမိပါတယ်..”
ကျတော်ကတော့ ဦးလေ တို့ ညီအစ်ကိုတွေ ပြောနေတဲ့ စကားတွေ ကို ပွဲကြည့်ပရိသတ် တယောက်လို နားထောင်နေလိုက်ပါတယ်…။
“ဦးဇင်းလေ တပည့်တော်တို့ ဦးဇင်းလေးကို နေ့ဆွမ်းကပ် ပါ့မယ်ဘုရား…”
ဦးလေးက ပြောပြီးပြီးချင်း ပဲ အဌားကားတစ်စီးကို ဈေးဆစ်နေပါပြီ…။
“ဒဂါလေးနာမည် ဘယ်လိုခေါ်လဲ”
ဦးဇင်းလေက မေးပါတယ်..မပေါ့် တပေါ် ဖြစ်နေတဲ့ ဦးဇင်းလေးရဲ့ သွားတွေက လဲ တော်တော် လေးကို ကြည့်ကောင်းပါတယ်…။ဦးလေးတို့ ညီအစ်ကိုတွေက တော်တော် လေးကို သွားလှကြပါလား…။
“ဇင်ဝေဖြိုးပါ ဘုရား..”
“ကျောင်း တတ်လားကွယ့်…”
“၁၀ တန်း ဖြေထားပါတယ် ဘုရား..အောင်လိမ့် မယ်လို့ ထင်ပါတယ် ဘုရား…”
“အင်း..ဒဂါသန်းနိုင် ၁၀ တန်းနှစ်မှာပဲ ဦးဇင်းတို့ ဖခင် ဆုံးတာပေါ့…ဒဂါသန်းနိုင်က ကျောင်းထွက်ပြီးတော့ ဦးဇင်းတို့ ညီအစ်ကို ၃ ယောက်ကို ရရာ အလုပ်လုပ်ပြီးတော့ ရှာဖွေကျွှေးမွေးခဲ့တာလေ….”
ကျနော် ခုမှသိရတဲ့ ဦးလေးရဲ့ ဘ၀ အစိတ်ပိုင်းတစ်ခုပါ…။ဦးလေးကိုလဲ တော်တော် စာနာ မိပါတယ်…။ကျနော်တို့ အဌားကားနဲ့ မြို့ထဲကို ၀င်လာခဲ့ပါတယ်…။ကားက နီလာဒံပေါက်ဆိုင်ဘေးနားက ကားပါကင်နေရာမှာ ရပ်လိုက်ပါတယ်..။ကျနော်တို့ ဒံပေါက်ဆိုင်ထဲကို ၀င်ပြီး ဦးဇင်းလေးကိုဆွမ်းကပ် ပြီး ကျနော်တို့လဲ ဒံပေါက်စားကြ ပါတယ်..။ဦးလေး ဘယ်လိုညှိလိုက်လဲ မသိဘူး…ကားသမားပါ ကျနော်တို့နဲ့ အတူတူ ဒံပေါက် ၀င်စားပါတယ်…။ဒံပေါက်စားနေရင်း နဲ့ ဦးလေးက ကျနော့်ကို ပြောပါတယ်…။
“သား ဦးလေး ဒံပေါက် ၀ယ်ကျွေးတယ်နော်.”တဲ့..။
ကျနော်မကြားချင်ယောင် ဆောင်နေတော့ ဦးလေး က ကျနော့်ခေါင်းကို လက်နဲ့ ဖွဖွ ပုတ်ပြီးတော့ တဟားဟား အော်ရယ်ပါတယ်…။ဘေးနားက ၀ိုင်းကလူတွေတောင်လှည့်ကြည့်ကြပါတယ်…။
……………………………………………………………………………………………………………………………………
ဒီနေ့အောင်စာ၇င်းထွက်မယ့်နေ့ပါ…။လက်ဖက်ရည်ဆိုင်ဆိုတော့ ဆိုင်က လူတွေ အားလုံးက ၄ နာရီဆို အားလုံး ထပြီး အလုပ်လုပ်နေ ကြပါပြီ…။အောင်စာရင်း အတွက် ကျနော်က တည်ငြိမ်သလောက် ဦးလေး ကပြာယာခတ် နေပါတယ်…။အဖေ့ နဲ့ အမေကို နဂိုကတည်းက အောင်မယ်လို့ ပြောထားလို့ အဖေနဲ့ အမေ က သိပ်ပြီးတော့ပူပန်တဲ့ ပုံ မပေါ်ပါဘူး..။အောင်စာရင်းထွက်တဲ့နေကျ ၇င် အိမ်ခဏပြန်လာဖို့ အဖေက တော့ ဖုန်းဆက်ထားပါတယ်…။မနက် ၅ နာရီလောက်ကတည်းက ဦးလေးက ကျနော့်ကို အောင်စာရင်းသွားကြည့်ဖို့ ဆော်သြနေပါပြီ..။
“ဦးလေးကလဲ အီကြားကွေး ဂျုံ တွေနှပ်ထားခဲ့တာ ပွကုန် ရင် ဘယ်လိုလုပ်မလဲ..။”
“မပူပါနဲ့ သားရဲ့ အညာသားကို ကြည့်ခိုင်းထားပါတယ်…။မြန်မြန်လာပါ အောင်စာရင်း က ကပ်ပြီးနေလောက်ပြီ..”
တကယ်လဲ အောင်စာရင်းက ကပ်ပြီးနေပါပြီ…လူတွေတောင်တော်တော်ရောက် နေကြပါပြီ..။ဦးလေး တယောက်လူ အုပ်ကြားထဲကို အတင်းတိုး ၀င်သွားပါတယ်…။ကျနော်ဦးလေး လက်မောင်းကို လှမ်းဆွဲ ထားပြီး မေးလိုက်ပါတယ်..။
“ဦးလေး .. ကျနော့်ခုံ နာပါတ်ကို သိလို့လား ”
“သိတာပေါ့ သားရဲ့..”..ဟင်…ဦးလေးက ဘယ်လို သိပါလိမ့်..။
၁၅ မိနစ်လောက်ကြာတော့ လူအုပ်ကြားထဲက ဦးလေးတယောက် အော်ကြီးဟစ်ကြယ်နဲ့ တိုးထွက် လာပါတယ်…။
“အောင်တယ် သားရေ… အောင်တယ်..ဂုဏ်ထူး တစ်ခုတောင်ပါလိုက်သေးတယ်..”
“သင်္ချာ မှလား..”
“ဟုတ်တယ် သားေ၇..ငါ့သားက တော်တယ်ကွာ..”
“တိုးတိုးပြောပါ ဦးလေးရာ..ပြန်ရအောင် လူများတယ် နောက်မှ အေးဆေးထပ်လာကြည့်မယ်..”
“အေအေ”
ဦးလေးကြည့်ရတာ ကျနော့်ထပ်ပိုပျော်နေတဲ့ ပုံပါပဲ…။မနက် ၅ နာရီခွဲ ဆိုပေမယ့် လမ်းပေါ်မှာ နေရောင် မထွက်သေးပါဘူးကားသွားကားလာလဲရှင်းပါတယ်..အောင်စာရင်းလာကြည့်ကြတဲ့ ကျောင်းသားကျောင်းသူအနည်းငယ် သာရှိပါတယ်..။ကျနော် နဲ့ဦးလေး လဲ မာကျုရီ မီးရောင်အောက်မှာ အေးအေးလူလူ ပဲလမ်းလျောက်ပြန်လာ ကြပါတယ်..။
“ငါ့သား ဘာလုပ်ချင်လဲ..”..ဦးလေးမေးခွန်းအတွက် ကျနော့်မှာ အဖြေက အဆင့်သင့် ရှိနေပါတယ်..။
“ စစ်တကသိုလ် တတ်မှာ..”
“ဟင် ဘာပြောတယ်သား..သားက စစ်ဗိုလ်လုပ်မှာ ပေါ့ ဟုတ်လား..”
ဦးလေးက ရုတ်တရက် လမ်းလျောက်တာကို ရပ်ပြီးတော့ ကျနော့်မျက်နှာကို သေချာစိုက်ကြည့်ပြီးတော့ မေး ပါတယ်…။ဦးလေး မျက်နှာ က ၀င်းလက်တောက်ပနေ တဲ့ ပုံပါ..။
“ဟုတ်တယ်ဦးလေး ရဲ့ အဲ့တာကျနော့် ရည်မှန်းချက်ပဲ ငယ်ငယ်လေးကတည်းက အ၇မ်းဖြစ်ချင်ခဲ့တာ..”
ဦးလေက ကျနော့်ကို အချိန်အတော် ကြာစူးစိုက် ကြည့်နေပါတယ်…ဦးလေး မျက်လုံးထဲ မှာလဲ အရည်ကြည်တွေ လဲ့နေပါတယ်..။
“သားလေးရယ်..ဦးလေးငယ်ငယ် တုန်းကလဲ စစ်ဗိုလ်ကြီး အရမ်း ဖြစ်ချင်ခဲ့တာ ကွ…သိလား”
ဦးလေး က ကျနော်ပုခုံးနှဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီးတော့ ပြောတာပါ…။ဦးလေး ကို ကြည့်ပြီးတော့ ကျနော်တောင် အားတွေ တော်တော် ပြည့်လာသလို ခံစားရပါတယ်…။
“ဟုတ် သိပါပြီ ဗိုလ်ကြီး”
ကျနော်အရွှန်းဖောက်တော့ ဦးလေး သဘောကျစွာ ရယ်ပါတယ် ..။
“ အဖေက တောင် ညနေလာဖို့ ခေါ်ထားတယ်..”လမ်းဆက်လျောက်ရင်း ကျနော် ဦးလေးကိုမကြည့်ပဲပြောလိုက်ပါတယ်..။
“အင်းသွားလေ သားရဲ့ သား လဲ မပြန်တာ ၁ လလောက် ရှိရောပေါ့..”
“ ဟုတ်တယ် ဦးလေး ရဲ့ အဖေ့ကို မတွေ့တာ တောင်ကြာပြီ..နေရော ကောင်းရဲ့လားမသိဘူး…”
“သားက အဖေ့ ကို တော်တော်ချစ်တာပဲနော်..”
“ချစ်တာပေါ့ ဦးကလဲ ကို့ အဖေပဲ…”
“ဦးလေး ကိုရော ချစ်တာ..”..ဦးလေး ဒီမေးခွန်းကိုမေးတာ ၂ ခါရှိပါပြီ..။
“ဒံပေါက် ၀ယ်ကျွှေးမှာ လား..”..ဒီတခါတော့ ကျနော် ဦလေး မျက်နှာကို သေချာကြည့်ပြီးတော့ ရယ်သံစွက်ပြီးမေး လိုက်တာပါ…။
“ကျွှေးမှာပေါ့ သားရဲ့ ဦးလေးတို့ နေ့လည်ကျရင် ဆိုင်ပစ် ပြီးတော့ မြို့ထဲ မှာ ဒံပေါက်သွားစား မယ်လေ..”
“ ဂွတ်..”ကျနော် လက်မလေး ထောင်လျက် ပြန်ဖြေလိုက်ပါတယ်…။
ဦးလေးက ပြုံးလျက် ကျနော့်ပုခုံကို ခပ်ဖွဖွ ထိုးလိုက်ပါတယ်..ကျနော်လဲ လမ်းဘေး ပလက်ဖောင်းနားကို ၂ ပေလောက်ယိုင် သွားပါတယ်…။
((((((((၀ုန်း)))))))))
“ဟင် ဦးလေး….ဦးလေး” ဦးလေး တယောက် ကျနော့်မြင်ကွင်းထဲ ကနေပျောက်သွားပါတယ်…။ဦးလေး ရှိနေတဲ့ နေ၇ာမှာ ဒိုင်နာကားတစ်စီး အရှိန်ပြင်းပြင်းနဲ့ ကျနော့်ကိုပွတ်မိမလို ဖြတ်မောင်းသွားတာကို ပဲ တွေ့လိုက်ပါတယ်…။
“ အား…လာကြပါဦးဗျို့..လုပ်ကြပါဦး…ဒီမှာ ကားတိုက်သွားလို့..”
ကျနော် အသံကုန်ချစ်အော်လိုက်ပါတယ်..။ကျနော်တို့ အဖြစ်ပျက်ကို မြင်တဲ့ ကင်းသမားတွေနဲ့ ဆိုက်ကား ဂိတ်က လူတချို့ ပြေးလာပါတယ်…။တချို့ ကလဲ ကားသမား ကို ၀ိုင်းဖမ်း နေကြတယ်ထင်ပါတယ်…။ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်…။ကျနော် ဘာမှမလုပ်တတ်ပါ..ဦးလေး ရဲ့ ခေါ်င်းအောက်မှာ ကျနော့်လက် နှစ်ဖက်ကို ခေါင်းအုံးပုံစံ ထိုးထည့်ထားပြီးတော့ ဦးလေး နာမည် ကိုသာ ခေါ်နေမိပါတယ်..။
“ညီလေး ဆေးရုံပို့ မှ ဖြစ်မယ်ထင်တယ်…”လူကြီးတယောက်က ၀င်ပြောပေးတယ်.။
“ကူညီ ကြပါဦး ဗျာ..ကျနော်တို့ က ဆုံစည်းရာ ကဖီးကပါ.”
“အေ ဟုတ်ပြီ…အောင်မောင်း မင်းက ဆုံစည်းရာ ကဖီး ကိုသွားပြီးပြော…အာဒေး မင်းက ရဲစခန်းကိုအကြောင်းကြား..အာကြီးရေ မင်းကတော့ မင်းယောက်ခမ ကားကို သွားဆွဲ ကွာ..ကားက ဒီအချိန် ရှားမှာ..”
လူကြီးတယောက်က စီမံခံ့ခွဲ ပေးနေပါတယ်.. ။ဦးလေးခေါင်းအောက်မှာ ခံထားတဲ့ ကျနော့် လက်လဲ သွေးမလျောက်တော့ပါဘူး..နာလို့နာမှန်းလဲမသိတော့ပါဘူး..။ ။သိပ်မကြာပါဘူး အမေတို့ ရောက်လာပါတယ်…ရှေ့ဆင့်နောက်ဆင့်ပဲ ကားလဲရောက်လာပါတယ်….။အမေက ဦးလေးကိုတွေ့တော့ ငိုပါတယ်…။ဦးလေးကို ကားပေါ်ကို ၀ိုင်းပွေ့တင်လိုက်ကြပါတယ်…။ဦးလေးနားမှာ အမေက ငိုလျက် ကားထဲ လိုက်ဝင် သွားပါတယ်..။ကျနော်အမေ့ကို တိုးတိုးလေ ခေါ်လိုက်ပါတယ်..။
“အမေ”
ရှိုက်သံနဲ့ အတူ အမေပြန်ထူးပါတယ်..
“သားလေး”
“သားလဲ ဆေးရုံ လိုက်ခဲ့ချင်တယ် အမေ.”
“သားလေးက ဆိုင်စောင့်နော်..ဆိုင်မှာ ဘယ်သူမှမရှိဘူးလေ..နောက်ကျမှ အမေ ခေါ်ခိုင်းလိုက်မယ်နော်…ကြားလားသား.ဆိုင်ပိတ်ပြီးသားလာခဲ့နော် ”
“ဟုတ်ကဲ့ ပါအမေ..”
ဦးလေးကို ခေါ်ပြီးတော့ ကားလေးထွက်သွားပါပြီ…။လမ်းပေါ်မှာ သွေးကွက်တစ်ကွက် နှစ်ကွက်လောက်နဲ့ ကျနော်ပဲ ကျန်ခဲ့ပါတယ်..။အဖြစ်ပျက်က အရမ်းကိုမြန်လွန်းပါတယ်….။ဦးလေး ဘာမှမဖြစ်ပါစေနဲ့…။ဦးလေးနဲ့ ကျနော် နောက်ဆုံး ရှီနေခဲ့တဲ့ နေရာလေးမှာ ကျနော်အချိန် အတော်ကြာ၇ပ်နေမိပါတယ်…။
“ဟင်…သွားတွေပါလား..”
သွေးစတွေပေနေတဲ့ ဦးလေးရဲ့ သွားတွေပါလား..။တချောင်း ၊နှ ချောင်း..၊ သုံးချောင်းတောင်ပါလား..။ဦးလေး သွားတွေ ကတော်တော် လှပါတယ်..ကျိုးနေတဲ့သွားလေး တွေက တောင် ရှည်ရှည်လုံးလုံးလေးတွေပါ..။ကျနော်သွားတွေကို လိုက်ကောက်နေမိပါတယ်…။ဦးလေး နေပြန်ကောင်းလာရင် ဦးလေး ကို ဒီသွားတွေပြ ပြီး စရမယ်..။ကျနော်စိတ်နဲ့ ကိုယ်နဲ့ မကပ်တဲ့ သူတယောက်လို့ ဆိုင်ကို ပြန်လာခဲ့ပါတယ်…။
မနက် (၇) နာရီလောက်မှာ ဆိုင်ရှေ့ကို အဌားကားတစ်စီးရောက်လာပါတယ်..။ကျနော်မျှော်နေတဲ့ အမေ အခေါ်လွှတ်လိုက်တဲ့ ကားပါ…။မနက်ကတည်းက ဆိုင်စောင့်ဖို့ ခေါ်ထားတဲ့ အဒေါ်ကို ဆိုင်အပ်ပြီး ကျနော် လိုက်လာခဲ့ပါတယ်…။
ဆေးရုံခန်းအပေါက် ၀မှာ လူတွေ တော်တော် များများ စုံနေပါတယ်…။အထဲကို မ၀င်ကြပါဘူး…။အဲ့ဒီလူအုပ်ထဲမှာလဲ အမေ ရှီနေပါတယ်..အမေက ဘေးနားမှာ ရှိနေတဲ့ အဒေါ်ကြီးတယောက်ကို မှီပြီးငိုနေပါတယ်…။
“အမေ”
“သားလေး”
“ဦးလေး ကပြန်ကောင်းလာမှာလား ဟင်..”
“၃၀ ရာခိုင်နှုန်း ပဲတဲ့ သားရယ်..”..အမေ့အသံ ကတော်တော် အားလျော့နေပါတယ်..။
“သားလေး စာမေးပွဲ အောင်တယ်နော်..”
“အောင်ပါတယ်အမေ..”ကျနော် ပြောနေရင်းနဲ့ ဦးလေး ရဲ့ ပျော်နေတဲ့ မျက်နှာကို ပြန်မြင်ယောင် လာမိပါတယ်။
“အမေ ဦးလေး ကို ၀င်ကြည့်လို့မရသေးဘူးလားဟင်..”
ကျနော်မေးနေတဲ့ အချိန်မှာပဲ အတွင်းခန်းထဲ က ဆရာဝန် ၂ ယောက်ထွက်လာပါတယ်…။ကျနော် သူတို့ မျက်နှာ တွေကို လိုက်ဖတ် ကြည့်ပါတယ်…။ကျနော်ခန့်မှန်းလို့ မရလောက်အောင်ကို ဆရာဝန်ကြီးတွေ ရဲ့ မျက်နှာ တွေ ကတည်ငြိမ် အေးစက်နေပါတယ်…။ဆရာဝန် တွေက ကျနော့်တို့နားကို လျောက်လာပါတယ်…
“လူနာ က ဇနီးနဲ့ သားကို တွေ့ချင်နေတယ်..”
“ဟုတ်ကဲ့ပါ ဒေါက်တာရယ် ကျမ ကသူ့ဇနီးပါ…” အမေက တိုးတိုးလေး ပြောပါတယ်..။
“ကျနော်တို့ တတ်နိုင်သလောက် ကြိုးစား ခဲ့ပါတယ်…အခါဟာက ဦးခေါင်းခွံ အက်သွားပါတယ်..နံရိုးကလဲ ကျိုးပြီးတော့ အထဲက ကလီစာတွေကို တော်တော် ပျက်ဆီးစေ ခဲ့ပါတယ်..ကျနော်တို့ နောက်ဆုံးဆေးတလုံး ထိုးပေးခဲ့ပါတယ်…စကားအနည်းငယ်တော့ ပြောနိုင်လိမ့်မယ် ခင်ဗျ..”
ဆ၇ာဝန်ကြီးက ကျနော်တို့နားလည်အောင် ပြောပြပါတယ်..။အမေကတော့ မျက်၇ည်တွေပဲ အဆမတန် ကျနေပါတယ်..။ အမေ က ကျနော့်လက်ကို ခပ်လျောလျော တွဲပြီးတော့ အတွင်းခန်း ၀င်ပါတယ်..။အခန်းထဲမှာ ဦးလေးက ခုတင်ကို ခေါင်းအုံးနဲ့ ခံပြီးတော့ တစောင်း လှဲနေပါတယ်…။ကုတင်းဘေးနားမှာ ရှိတဲ့ ထိုင်ခုံကို ဆွဲ ပြီးတော့ အမေက ဦးလေးနဲ့ နီးနိုင်သလောက်ကပ်ပြီးထိုင်လိုက်ပါတယ်..။ကျနော်ကတော့ မတ်တတ်၇ပ် လျှက်ပါ..။
“အမ”..ဦးလေးအသံက တော်တော်လေးကိုတိုးပါတယ်..အသံလဲ မပီတော့ပါဘူး..ပလုံးပထွေး ဖြစ်နေပါတယ်..။
“မငိုနဲ့”…အမေ ဘာမှပြန်မပြောနိုင်ပါ..ရှိုက်လို့ပဲနေပါတယ်..။
“သားကြီးရှိတယ် အားမငယ်နဲ့…”
ဦးလေး ဒီစကားကိုပြောဖို့တော်တော် အားယူနေရတာပါ..စကားလုံးတလုံးနဲ့ တလုံးကလဲ တော်တော်ကြာပါတယ်…။အမေက ခေါင်းပဲ ညိတ်ပြလိုက်ပါတယ်…။ဦးလေး မျက်လုံးမှိတ်သွားပါတယ်…။ကျနော့်၇င်တွေလဲ တဒိန်းဒိန်း ခုန်လာပါတယ်…။ အ၇မ်း လဲ စိုး၇ိမ် သွားပါတယ်…။ ဦးလေ မျက်လုံးတွေ ပြန်မှ ဖွင့်လာပါတော့မလား..။ဦးလေးမျက်လုံးတွေ ပြန်ဖွင့်လာပါစေလို့လဲ ဆုတောင်နေမိပါတယ်…။ကျနော်ဆုတောင်းပြည့်ပါတယ်..။ဦးလေးမျက်လုံးတွေပြန် ပွင့်လာပါတယ်..။
“သားလေး”
ဦးလေးအသံက ဒီတခါတော့ တော်တော်လေးပီလာပါတယ်…။အမေက ကျနော့်ကိုလှမ်း ကြည့်ပါတယ်…ပြီးတော့ ထိုင်ခုံက ထပြီးတော့ နောက်ကို အနည်းငယ်ဆုတ် သွားပါတယ်..ပြီးတော့ ဦးလေးကို မကြည့်ရက်တော့သလို နရံကိုပဲ လှည့် မှီပြီးတော့ ရှိုက်နေပါတယ်..။ကျနော်ဦးလေး နားမှာထိုင်ပြီးတော့ ဦးလေးကို ပြုံးပြလိုက်ပါတယ်..။ဦးလေး ကလဲ ကျနော့်ကို မျက်လုံးနဲ့ ပြန်ပြုံးပြပါတယ်..။
“ဒံပေါက် သွားစားကြမယ်”..ဦးလေး တစ်လုံးချင်းဖြည်းဖြည်း ပြောပါတယ်..။
“အင်းလေ သွားစားမှာပေါ့ ဦးရဲ့…ဦးလေး နေကောင်း၇င်သွားစားမယ်လေ…”
ကျနော်လဲ အတတ်နိုင်ဆုံး အသံကို ပီပီ သသ ဖြစ်အောင် သတိထားပြီးပြောလိုက်ပါတယ်…။ဦးလေးက ကျနော့်မျက်နှာကို သေချာစွာ စိုက်ကြည့်နေပါတယ်…၊ပြီးတော့မောနေတဲ့ပုံပါ…။နောက်တခွန်း ပြောဖို့ လဲ အားယူနေတဲ့ပုံပါ…။
“သာ..” ကျနော်ပြန်မထူးတော့ပါ..ဦးလေးပြောမယ် စကားကိုနားထောင် ဖို့ ဦးလေးကို ပဲ ကြည့်နေမိပါတယ်…။
“ဒံပေါက်…၀ယ်..ကျွေး…ရင်..ဦး ကို…ချစ်…တယ်….လို့…ဖြေ…မှာ…လား..”
ဦးလေး စကားကို နားထောင်နေ ရင်းနဲ့ ပဲ ကျနော့် မျက်နှာပေါ် ကိုမျက်ရည်တွေစီး ကျလာပါတယ်..။ကျနော် ဘယ်လိုမှ တားလို့ မရပဲ ဒလဟော စီးကျလာတာပါ…။
((((ဦးလေး)))))..ကျနော်ဘယ်လိုမှ မခံနိုင်တော့ပဲ အသံကျယ်နဲ့ အော်ခေါ်လိုက်မိပါတယ်…။
“ဦးလေးရာ..သား ဦးလေး ကိုချစ်ပါတယ်..ဦးလေအဲ့လိုမပြောပါနဲ့..ဒံပေါက်စားရမှ ချစ်တာမဟုတ်ပါဘူး ဦးလေး ရာ..သားက ဦးလေးကို ချစ်ပြီးသားပါ…” ကျနော် ပြောနေတဲ့စကားတွေ က ကျနော်ပြောတာမှ ဟုတ်ရဲ့လားလို့ တောင် သံသယ ၀င်မိပါတယ်…နှုတ်က ထွက်လာတာမဟုတ်ပဲ ရင်ခေါင်းထဲ ကထွက်လာတဲ့ အသံ လိုပါပဲ…။ကျနော်ပြောတာ မြန်သွားလို့ ဦးလေးကြားရော ကြားရဲ့လား..။ ကျနော့်ပခုံး ပေါ်ကို လက်တဖက်ရောက်လာပါတယ်..ကြည့်လိုက်တော့ ဆရာဝန်ကြီး ပါ…။
“လူနာက ဆုံးသွားပါပြီ ကလေးရယ်..”
“ဗျာ..”..ကျနော်အမေ့ကို လှမ်းကြည့်လိုက်ပါတယ်..အမေက နရံထောင့်မှာ ငုတ်တုတ်လေးထိုင်လို့ မျက်နှာဖွက်ပြီး ငိုနေပါတယ်…။
“ဦးလေး ဆရာဝန်ကြီး ..ဟို…ခုနက ကျနော်ပြောလိုက်တာကိုလေ..ကျနော့် ဦးလေး ကြားလိုက်ပါတယ်နော်..ကျနော်ပြောတဲ့အချိန် တုန်းက အသက် ရှိနေသေးတယ် မဟုတ်လား ..ဟင် ..ဦးလေ..”ကျနော် အလောသုံးဆယ်နဲ့ ဆရာဝန်ကြီး လက်ကို ဆွဲပြီး မေးလိုက်ပါတယ်…။ဆရာဝန်ကြီးလဲ ၀မ်းနည်းနေပုံ ရပါတယ်…ခေါင်းငုံ့လျှက် ပြန်ဖြေပါတယ်..။
“အဲ့တာ ကတော့ လူနာ ကိုယ်တိုင်ပဲ သိပါလိမ့်မယ် ကလေးရယ်…”
ကျနော် ဦးလေး မျက်နှာကို ပြန်ကြည့်လိုက်ပါတယ်….ပြီးတော့ ကျနော်စကားတွေ ပြောနေမိတယ်..
“ဦးလေး…ထပါတော့ ဗျာ.. ကျနော်တို့ ဒံပေါက် သွားစားကြမယ်လေ…”
“ဦးလေး ဂတိမဖျက်ပါနဲ့ ဗျာ…”
“ထပါ ဦးလေးရယ် ဒီတစ်ခါ ဒံပေါက် စားပြီးရင် ဦးလေး ကိုသား ချစ်တယ်လို့ ပြောမှာပါ ဦးလေးရာ..ထပါ..”
ဘယ်သူတွေ ဘာပြောပြာပါ..ကျနော်ပြောတဲ့ စကားတွေကို ဦးလေး ကြားနိုင်လိမ့် မယ်လို့ ကျနော်ယုံကြည်နေပါတယ်…။ဦးလေးရယ် ဦးလေးက ကျနော့်လိုပဲ နှုတ်မဆက်ပဲ ခွဲခွာတတ်လား ဗျာ…။
Writing by ; Zinyaw
0 comments:
Post a Comment
Newer Post
Home
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ...
ရေးချင်တာ သာရေးခဲ့ ကြပါဗျာ...
Blog Archive
►
2010
(
7
)
►
March
(
7
)
▼
2009
(
8
)
►
November
(
1
)
►
October
(
3
)
►
September
(
2
)
►
August
(
1
)
▼
July
(
1
)
သွား….သွား….သွားဒီနေ့ ကျနော်တို့ ၁၀ တန်းစာမေးပွဲ ေ...
template by
suckmylolly.com
flower brushes by gvalkyrie.deviantart.com
0 comments:
Post a Comment