………အသဲကွဲဖူးလား………အသဲကွဲတာနဲ့ အဖျားတတ်တာ ဘယ်ဟာ ပိုခံစားရမယ်ထင်လဲ….
……..ကိုအရမ်းခင်မင်နေတဲ့ တယောက်က တခြားတယောက်ကို ပဲစိတ်ထဲမှာ ရှိနေမယ်ဆိုရင်ကော…..
……ဟား…..ဒီမှာ ကျနော်က အသည်းနှလုံးတွေ ရင်းပြီး ဘ၀တွေ ပုံအောပြီးချစ်မှာ တန်ဖိုးထားမှာပါ ဗျ………
………သူ့ကြောင့်ပဲ ကျနော့်ကဗျာတွေ ကာရံညီခဲ့ပါတယ်……သူ့ကြောင့်ပဲ ကျနော့် အသည်းတွေ ပါးလှပ်နေပါပြီ……
……..ဟိုးးးးး ကျနော် နဲ့ တွေ့ရင် အသက်ရှုကျပ်မဲ့ စကားတွေမပြောပါနဲ့လားဗျာ……သက်ပြင်းချမိရင် ကျနော့်အသည်း ကြွေ…ကျ….သွားမှာဗျ……
………ဘာပြောပြော ရီနေတတ်တဲ့ သူငယ်ချင်းလေး……လွန်တော့မယ်ဆိုတာ ရိပ်မိရင်အော်ငေါက် သတိပေးတတ်တဲ့ ကျနော့်ရဲ့ အရင်းနှီးဆုံးလေးရေ……
………ကျနော့်အပေါ်မှာ သံယောဇဉ် ဆံတမျှင်လောက်တောင်မရှိဘူး ဆိုတာ သိလိုက်ရတော့….
…..ကိုတာယာကြီးပြောသလိုပေါ့…
သံယောဇဉ် ကိုမှခုတ်ထွင်ရှင်းလင်းတတ်တဲ့
လယ်သူမရေ….
အခုတောင်လွမ်းတယ်တဲ့….
ကျနော်လဲ လွမ်းနေရတော့မှာပဲ……အဲ့ဒီအလွမ်းဆိုတဲ့ သတ္တ၀ါကလေ သွားချွန်ချွန်တွေနဲ့ နှလုံးသားကို တစစ်စစ် ကိုက်ဖြတ်တတ်တာဗျ….
…အားးးး….အလွမ်းကိုက်နေပြီ……
ရင်ဘတ်ထဲ ကိုဓါးတချောင်း ထိုးထည့်ထားရင် ဘယ်လိုနေမလဲ မသိဘူးနော်…..
ဓါတ်ပုံလေး ၂ ပုံလောက်နဲ့ ကျနော့်ရင်ဘတ်ထဲကို ဓါးအဆင်းပေါင်းများစွာ ထိုးထည်ရဲသွားပြီဗျ……
ခြေသေ့င်္နဲ့ ဘယ်လိုကိုက်ကိုက်
ဘီလူးနဲ့ ဘယ်လိုတိုက်တိုက်
ချစ်မိသူလောက်မည်သူမှ
လူမိုက်မမြည်ပါဘူးဗျာ….
ကျနော်က လူမိုက်ပါ……မိုက်တာမှ သူ့အတွက်ဆိုရင် သံသရာ ကိုဆွဲဆန့်ပြီးတော့ အောင်ကို မိုက်မိမယ်ထင်တယ်……
အနေဝေး ပေမယ့် အဝေးမှာ မနေချင်ခဲ့သူပါ….ဒါပေမယ့်လည်း သူ့ရဲ့ သံယောဇဉ် စာရင်းထဲမှာ ကျနော် မှမပါတာ ပဲလေ……
…အဲ့ဒီတော့လဲ သူရဲ့ အသိမှတ်ပြုမှု ဆိုတဲ့ တခါးဝကနေပြီးတော့ ကို့ အိပ်ရာကိုယ်လိပ်လို့ ပြန်ရုံပေါ့ဗျာ…
..ကျနော် ဘ၀ အဆက်ဆက် တိုင်းကို နာလည်ပေးနေမှာပါ….
…အဲ့တာ ၀ဋ်ကြွေးဆိုရင်လဲ ကျနော် ၀ဋ်ကြွေးတွေ သံသရာ တလျောက်လုံးသယ်သွားပါရစေ…
…၀ဋ်ကြွေးရှိသမျှ ကြေပါစေတော့လို့ ဆုတောင်းသံတွေ ကြားဖူး ပါတယ်....
…ဟင့်အင်း….ကျနော်သူနဲ့ ပါတ်သတ်လို့ ၀ဋ်ကြွေး တွေရှိနေသေးရင်လည်း မကျေချင်ပါဘူး….သူနဲ့ ပါတ်သတ်နေချင်သေးလို့ပါ…
ကျနော် ဆုတောင်းမယ် ၀ဋ်ကြွေး ရှိသမျှ မကြေပါစေနဲ့ဗျာ..
…၀ဋ်ကြွေးရှိသမျှမကြေပါစေနဲ့….
Thursday, 8 October 2009
ဝဋ်ကြွေး ရှိသမျှ မကျေပါစေနဲ့...
Posted by mythical.lion1 at 09:15
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment