Thursday, 8 October 2009

သေပျော်ပါတယ်..............

သေဆုံး သွားတဲ့ သူတယောက်အတွက်
အာဒံ ရဲ့ ပန်းသီးက အဖိုးအတန်တော့ဘူးတဲ့လား…..။
ကို့ စာ ကိုချိုး တအားကိုး ခဲ့ပြီ…
ငါခေါင်းရင်းက ပင်လယ်မှာ ငါကိုယ်တိုင်ပဲ ရွက်လွင့်ခဲ့တယ်…။
သံစဉ် ပျက်နေပေမယ့် မင်းအတွက်
ဖိုးလနတ်သားထက်တော့ သားချော့တေးကျုနိုင်ပါသေးတယ်..။
နှုတ်မဆက်ချင်တဲ့ သူကို လက်မပြပါနဲ့တော့….
သွားပါရစေတော့...။
နှစ် ၅၀ ကျော် ဓါးကိုင်ခဲ့တဲ့ ငါ့လက်အစုံမှာ
ချစ်သူ ဆံနွယ်ရနံ့ ကိုတောင် သောက်သုံးခွင့် မရပဲ နဲ့
စစ်သရဲ အို ဆိုတဲ့ အမည်နဲ့ ငါသွားရတော့ မယ်..။
ငါမရှိတော့ ရင် ငါ့ ခန္ဓာကို မီးးမြိုက်လို့
တောင်ဖက်မှာ ပျိုးကျဲကြတော့မယ်…
ငါ ပျော်ပါတယ်…မိုးနဲ့ ထိတွေ့ခွင့်ရတော့မှာ မို့လို့ …
ငါသေတောင် ပျော်ပါတယ်…။

0 comments:

 
template by suckmylolly.com flower brushes by gvalkyrie.deviantart.com