………အသဲကွဲဖူးလား………အသဲကွဲတာနဲ့ အဖျားတတ်တာ ဘယ်ဟာ ပိုခံစားရမယ်ထင်လဲ….
……..ကိုအရမ်းခင်မင်နေတဲ့ တယောက်က တခြားတယောက်ကို ပဲစိတ်ထဲမှာ ရှိနေမယ်ဆိုရင်ကော…..
……ဟား…..ဒီမှာ ကျနော်က အသည်းနှလုံးတွေ ရင်းပြီး ဘ၀တွေ ပုံအောပြီးချစ်မှာ တန်ဖိုးထားမှာပါ ဗျ………
………သူ့ကြောင့်ပဲ ကျနော့်ကဗျာတွေ ကာရံညီခဲ့ပါတယ်……သူ့ကြောင့်ပဲ ကျနော့် အသည်းတွေ ပါးလှပ်နေပါပြီ……
……..ဟိုးးးးး ကျနော် နဲ့ တွေ့ရင် အသက်ရှုကျပ်မဲ့ စကားတွေမပြောပါနဲ့လားဗျာ……သက်ပြင်းချမိရင် ကျနော့်အသည်း ကြွေ…ကျ….သွားမှာဗျ……
………ဘာပြောပြော ရီနေတတ်တဲ့ သူငယ်ချင်းလေး……လွန်တော့မယ်ဆိုတာ ရိပ်မိရင်အော်ငေါက် သတိပေးတတ်တဲ့ ကျနော့်ရဲ့ အရင်းနှီးဆုံးလေးရေ……
………ကျနော့်အပေါ်မှာ သံယောဇဉ် ဆံတမျှင်လောက်တောင်မရှိဘူး ဆိုတာ သိလိုက်ရတော့….
…..ကိုတာယာကြီးပြောသလိုပေါ့…
သံယောဇဉ် ကိုမှခုတ်ထွင်ရှင်းလင်းတတ်တဲ့
လယ်သူမရေ….
အခုတောင်လွမ်းတယ်တဲ့….
ကျနော်လဲ လွမ်းနေရတော့မှာပဲ……အဲ့ဒီအလွမ်းဆိုတဲ့ သတ္တ၀ါကလေ သွားချွန်ချွန်တွေနဲ့ နှလုံးသားကို တစစ်စစ် ကိုက်ဖြတ်တတ်တာဗျ….
…အားးးး….အလွမ်းကိုက်နေပြီ……
ရင်ဘတ်ထဲ ကိုဓါးတချောင်း ထိုးထည့်ထားရင် ဘယ်လိုနေမလဲ မသိဘူးနော်…..
ဓါတ်ပုံလေး ၂ ပုံလောက်နဲ့ ကျနော့်ရင်ဘတ်ထဲကို ဓါးအဆင်းပေါင်းများစွာ ထိုးထည်ရဲသွားပြီဗျ……
ခြေသေ့င်္နဲ့ ဘယ်လိုကိုက်ကိုက်
ဘီလူးနဲ့ ဘယ်လိုတိုက်တိုက်
ချစ်မိသူလောက်မည်သူမှ
လူမိုက်မမြည်ပါဘူးဗျာ….
ကျနော်က လူမိုက်ပါ……မိုက်တာမှ သူ့အတွက်ဆိုရင် သံသရာ ကိုဆွဲဆန့်ပြီးတော့ အောင်ကို မိုက်မိမယ်ထင်တယ်……
အနေဝေး ပေမယ့် အဝေးမှာ မနေချင်ခဲ့သူပါ….ဒါပေမယ့်လည်း သူ့ရဲ့ သံယောဇဉ် စာရင်းထဲမှာ ကျနော် မှမပါတာ ပဲလေ……
…အဲ့ဒီတော့လဲ သူရဲ့ အသိမှတ်ပြုမှု ဆိုတဲ့ တခါးဝကနေပြီးတော့ ကို့ အိပ်ရာကိုယ်လိပ်လို့ ပြန်ရုံပေါ့ဗျာ…
..ကျနော် ဘ၀ အဆက်ဆက် တိုင်းကို နာလည်ပေးနေမှာပါ….
…အဲ့တာ ၀ဋ်ကြွေးဆိုရင်လဲ ကျနော် ၀ဋ်ကြွေးတွေ သံသရာ တလျောက်လုံးသယ်သွားပါရစေ…
…၀ဋ်ကြွေးရှိသမျှ ကြေပါစေတော့လို့ ဆုတောင်းသံတွေ ကြားဖူး ပါတယ်....
…ဟင့်အင်း….ကျနော်သူနဲ့ ပါတ်သတ်လို့ ၀ဋ်ကြွေး တွေရှိနေသေးရင်လည်း မကျေချင်ပါဘူး….သူနဲ့ ပါတ်သတ်နေချင်သေးလို့ပါ…
ကျနော် ဆုတောင်းမယ် ၀ဋ်ကြွေး ရှိသမျှ မကြေပါစေနဲ့ဗျာ..
…၀ဋ်ကြွေးရှိသမျှမကြေပါစေနဲ့….
Thursday, 8 October 2009
ဝဋ်ကြွေး ရှိသမျှ မကျေပါစေနဲ့...
Posted by mythical.lion1 at 09:15 0 comments
သေပျော်ပါတယ်..............
သေဆုံး သွားတဲ့ သူတယောက်အတွက်
အာဒံ ရဲ့ ပန်းသီးက အဖိုးအတန်တော့ဘူးတဲ့လား…..။
ကို့ စာ ကိုချိုး တအားကိုး ခဲ့ပြီ…
ငါခေါင်းရင်းက ပင်လယ်မှာ ငါကိုယ်တိုင်ပဲ ရွက်လွင့်ခဲ့တယ်…။
သံစဉ် ပျက်နေပေမယ့် မင်းအတွက်
ဖိုးလနတ်သားထက်တော့ သားချော့တေးကျုနိုင်ပါသေးတယ်..။
နှုတ်မဆက်ချင်တဲ့ သူကို လက်မပြပါနဲ့တော့….
သွားပါရစေတော့...။
နှစ် ၅၀ ကျော် ဓါးကိုင်ခဲ့တဲ့ ငါ့လက်အစုံမှာ
ချစ်သူ ဆံနွယ်ရနံ့ ကိုတောင် သောက်သုံးခွင့် မရပဲ နဲ့
စစ်သရဲ အို ဆိုတဲ့ အမည်နဲ့ ငါသွားရတော့ မယ်..။
ငါမရှိတော့ ရင် ငါ့ ခန္ဓာကို မီးးမြိုက်လို့
တောင်ဖက်မှာ ပျိုးကျဲကြတော့မယ်…
ငါ ပျော်ပါတယ်…မိုးနဲ့ ထိတွေ့ခွင့်ရတော့မှာ မို့လို့ …
ငါသေတောင် ပျော်ပါတယ်…။
Posted by mythical.lion1 at 09:14 0 comments
ခြံခတ်ပန်း..............
မိုးတွေ ရွာနေတယ်ချစ်သူ
လူသားတွေအေးချမ်းဖို့ အတွက် သူငိုကြွေးပေးနေတာပါ
ကျုပ် ရင်ထဲမှာလဲ ငိုနေပါတယ် ချစ်သူရယ်….
မင်းတယောက် ပျော်ရွင်အေးချမ်းဖို့ပါ….။
မင်းကြောင့် ဘယ်သူမှ စိတ်မထိခိုက်စေချင်ဘူးလို့
ပြောခဲ့ဖူးတယ်နော်…
စိတ်ချလိုက်ပါ ချစ်သူ
မင်းကြောင့် ကျုပ်လောက် စိတ်ထိခိုက် မယ့်လူ
မရှိနိုင်တော့ပါဘူး…။
ဒီမှာ ချစ်သူ..
ကျုပ် က ရင်ခွင်တခုလုံး အမာရွတ်တွေ အထပ်ထပ် ဖုံးနေတာတောင် မှ
ဟန်ဆောင်ကောင်းနေတုန်းပါ…။
အရှုံး ဆိုတဲ့ အဆိပ် ခွက် ကို
ခါးမှန်းသိလျှက်မော့သောက်ခဲ့တာပါ…။
မင်းနဲ့ အဝေးဆုံး ကိုလွင့်သွားမှာ စိုးလို့ နေရာမှားနေတာတောင်
ရေငုံ နှုတ်ပိတ်နေနေခဲ့တာပါ ..။
တောက်ခေါက်ရပါများလို့ လျာဖျားတောင် အသမာတတ်နေပြီ
မင်းနဲ့ မတွေ့ရတဲ့ ညတိုင်း ပိုမှောင်နေတတ် နေပြီ
ကျူပ်မသိချင်တာတွေ သိရရင် အိမ်မက်တွေက အစ လိုက်ခါးနေပြီလေ
ချစ်သူရယ် …
မင်းကထွန်းတောက်နေတဲ့ ကြယ်တပွင့်ပါ
ကျုပ်က ညမိုက်ပါဗျာ
ကြယ်ဆိုတဲ့ အလင်းရောင်နဲ့ အလှပီပြင်ဖို့အတွက်
ကျုပ် အစွမ်းကုန် မှောင်မိုက်ပေးမှာပါ..။
မတည်မြဲတဲ့ သဘောနဲ့ ကြယ်လေး ကြွေလွင့်သွားမှာလား…။
အဲ့တာ ဆိုရင် လဲ ချစ်သူ မှတ်ထားလိုက်ပါ….
ကျုပ်က ကြွေသွားတဲ့ ကြယ်ပွင့်နေရာမှာ လမင်းကိုတောင်အစားမထိုးနိုင်ပါဘူး…။
ဖြူစင်မြတ်နိုး သည်းထက်ကိုးရွှေ့
ချစ်ရပ်ဝန်းမှာ သိပ်စေလိုလည်း
ချစ်သူမင်းက မမှီလှမ်းလက်
ခြံခတ်ပန်းမို့ အနမ်းခက်တယ်
လွမ်းရပြီပေါ့ အချစ်ရယ်….။
Posted by mythical.lion1 at 09:12 0 comments
