Monday, 29 March 2010

ယောက်ျား........

ကျနော်နာမည် မိုးသီးပါ ..။ ကျနော့်မှ အမယ်အို ဖခင်ကြီး ရှိပါတယ်..။ကျနော့် ရုပ်ရည်က တော့မြင်သူငေး လောက်ပါတယ် နှစ်ခါပြန်မကြည့်မနေနိုင်လောက်အောင်ကို ရုပ်ဆိုးပါတယ်…။ မြင်သူတိုင်းက ဒီလောက်ဆိုးတဲ့ ရုပ် ဘယ်လိုများ မွေးထားပါလိမ့်လို့ တွေးယူ၇လောက်အောင်ကို ဆိုးတာပါ…။

တနေ့ ကျနော် ရွာ အပြင်မှာ ဖားကောက်နေတုန်းမွေတကောက်ကို ဖားတွေ အုပ်လိုက်ကြီး ရန်ရှာနေတာကို တွေ့  မိပါတော့သည်..။ ကျနော်လဲ ဖားတွေကို ရသလောက် ၀င်ရိုက်လိုက်ပါတယ်… တနည်းအားဖြင့်မွေ ကို ကယ်လိုက်သလို ဖြစ်သွားတာပေါ့ ဗျာ..

ကျနော် စဉ်းစားမိတယ်.. ဘာလို့ များ ဒီဖားသေးသေးလေးတွေကို မွေ ကြီးတွေက ကြောက်ရတာလဲ ..။ညနေလဲ တော်တော် စောင်းနေပြီမို့ ကျနော် လဲ ရွာကိုပြန်ခဲ့ပါတော့တယ်…။

ရွာအ၀င် လမ်း လဲ ရောက်ရော ဆူဆူ ညံညံ အသံတွေကြောင့် စူးစမ်း ကြည့်လိုက်တော့ …ကြောင် နှစ်ကောင်.. ခွေး တစ်ကောင်ကို ရန်ရှာနေတာကို တွေ့ရပါတယ်… ဒါက တော့ ထုံးစံပါပံလေ..ကျနော်လဲ နားညီးလို့ ခဲ့နဲ့ ပေါက်ပြီး ဟန့်ထုတ်လိုက်ရတယ်…။

ဒီလိုနဲ့ ပဲ ရွာအစပ်လဲ ရောက်ရော လူတယောက်အပြေးအလွားနဲ့ လာတာ ကိုတွေ့လိုက်ပါသည်.။..ဘယ်သူများပါလိမ့် ။အော် ရွာတောင်ပိုင်းက ကိုရင် သာဂိပါလား..။ကိုရင်သာဂိ တို့ ဘက်က သောက်ရေ သိပ်မကောင်းလို့ ကျနော်တို့ ဘက်ကို လာခပ်ခပ်ရပါတယ်.. အခုလဲ သူ့ရွာဘက်ကို ပြန်မလို့ ထင်ပါရဲ့..။ ကျနော် လှမ်းအော် မေးလိုက်ပါတယ်…

“ဗျို့ ကိုရင်သာဂိ … ဘယ်လိုလဲ ဗျ ရေးကြီးသုတ်ပြာနဲ့…။”

“ဟာဗျာ မပြောလိုက်ချင်ပါဘူး…ကျုပ်ေ၇ခပ်သွားတာဗျ…။လမ်းမှာ သကြီး သမီးစာမိ ပေါ့ စကားလိုက်ပြောတယ်လေ….။”

“ဟာ ဒီ သကြားသမီးတော့ တော်တော်သောင်းကျန်းနေပါ့လားဗျ..။ဟိုနေ့ ကလဲ ထန်းတောထဲမှာ ပြသနာရှာလို့ ဆို…။”

“ဟုတ်ပါ့ ကိုရင် မိုးသီးရယ်…ထန်းတော ပိုင်ရှင် မိဘုတ် ရဲ့ အကို ကိုရင်သာအေး ကို ရိတိတိ သွားလုပ်သွားတယ်ဆိုပဲ ဗျ..ကို့ဟာကို ထန်းရေ အေးဆေးသောက်တာ မဟုတ်ဘူးဗျာ…။”

“အော်အော်…ဒါနဲ့ ပြသနာက ဘယ်လိုဖြစ်တာလဲ ဗျ…။”

“ဘယ်လိုဖြစ်ရ မှာလဲ ဗျာ…ကိုရင် သာအေး ကို စာမိက အဲ့လိုပဲ မကြာခဏ ရိတိတိ လုပ်တာဗျ…ကိုရင် သာအေးကလဲ သကြီးသမီး ဆိုတော့ ကြောက်တာပေါ့ … ဟိုက မိုက်တိမိုက်ကန်းနဲ့မှလား… ဘယ်သူ့ ကိုမှ အဲ့ဒီအကြောင်းတွေ ပြန်မပြောရဲ ဘူးဗျ…။အဲ့ တနေ့ တော့ စာမိ က သာအေးလက်ကို အတင်ဆွဲနေတာ ကို သူနှမ မိဘုတ် ကမြင်ရော.. အဲ့ဒီမှာ ပွဲ ကြမ်းတော့တာပဲ ဗျာ…။”

“ဟာဗျာ…စာမိကတော့ တော်တော် မလွယ်ပါလား..ဗျာ..။အေးဗျာ ကိုရင် သာဂိလဲ သတိထားဗျာ…အဝေးသွားရင် အဖော်လေးဘာလေးခေါ် ဗျ…။”

“ဟုတ်ပါ့ဗျာ..ကျုပ်လဲ မေ့သွားတယ်..ကဲကဲ မှောင်တောင်မှောင်တော့မယ် ကျုပ်လဲ သွားလိုက်ဦးမယ်ဗျ..။”

“အေအေ ကောင်းကောင်းသွားဦး ကိုရင်သာဂိ..ေ၇..။”

အော်အော် .........ကျနော်တို့ ယောက်ျားလေးတွေရဲ့ ဘ၀ ကလဲ တယ်မလွယ်ပါလားဗျာ…။ဘာ ပဲ လုပ်လုပ်သတိ ၀ရိယ နဲ့ အမြဲ လုပ်နေရတာပဲ လေ…။ကျနော်ကတော့ ရုပ်ဆိုးလို့ ဘယ်ကာလသမီး မှ စိတ်မ၀င် စားကြဘူး..တော်သေးတယ်လို့ပြော ၇မယ်ဗျ..။မောင်လှတို့ သာဂိတို့ သာအေး တို့ လို ချောချော လေးဆိုရင် အဖေတော့ ကျနော့်ကိုစိတ်ပူလို့ နေစရာ ရှိမှာမဟုတ်ဘူး..ရွာထဲ မှာလဲ အဖေတစ်ခုသားတစ်ခု ဆိုတော့ ပါတ်ဝန်းကျင်က သမီးအို သမီးပျိုတွေက နဂိုကတည်းက မျက်စောင်းထိုးနေတာ ဗျ..။
ယောက်ျားသားတွေ ရဲ့ ဘ၀ ဆိုတာကလဲ ဆူးကြားက ဘူးခါးပါဗျာ…။ကျောက်တုံးပေါ် ဥကျ လဲ ဥကွဲ…ဥပေါ် ကျောက်တုံးကျလဲ ဥပဲ ကွဲတာပဲလေ..။ ကို့ကို တန်ဖိုးထား မြတ်နိုးလို့ တသက်လုံးပေါင်းသင်းမဲ့ မိန်းမ မျိုးကိုတွေ့ရင် တော်သေးရဲ့ ..။ ကျောရရုံ ကြံ တဲ့ မိန်းမမျိုးနဲ့ တွေ့လို့ကတော့ ရေတိမ် နစ်ပြီသာမှတ်ပေတော့…။ကျနော်ကတော့ စိတ်ဆုံးဖြတ်ပြီးသား ကျနော့်ဆီက လူပျို ဘ၀ ကိုအသက်နဲ့ ရင်းပြီးကာကွယ်မယ်လို့..။အသက်နဲ့ အရှက်နဲ့ ယှဉ်ပြီး ရွေး၇တော့မယ်ဆိုရင် ကျနော်ကတော့ အသက်သာပေးရင်ပေးလိုက်မယ် အရှက်တော့အကွဲ မခံ နိုင်ဘူးဗျို့..။
သိတယ်မှလား ယောက်ျားဆိုတာ အရှက်နဲ့ လူလုပ်နေတာလေဗျာ..။

friendship...

……………………………………………………………………………………………………………………………………
“သားလေး နာနေလား”
“နာတာပေါ့ ဗျ အမေကလဲ”
“သားကလဲ သားပဲ သားအဖေ အကြောင်းကို သိရဲ့နဲ့ မှားဝယ်လာစရာလား ကလေးလဲ မဟုတ်တော့ဘူး..”
ကျနော့်မှာ ဘယ်လိုရှင်းပြ၇မလဲ ကို မသိတော့ပါဘူး အဲ့တာတွေ အားလုံးနင့်ကြောင့်.. ကောင်မစုတ်လေး အဲ့တာ တွေ အားလုံးသူ့ကြောင့်ပေါ့ဗျာ.. သူဆိုတာက ကျနော်ရဲ့ ငယ်သူငယ်ချင်းလေး ပါ..သူ့နာမည်က ငုဝါကို တဲ့ ..။ သူ့သူငယ်ချင်းမိန်းကလေး တွေကတော့ ငုဝါလို့ ခေါ်ကြပါတယ်.. ကျနော့်ကိုကြတော့ ကိုကို လို့ ပဲ ခေါ်ခိုင်းပါတယ်…ကျနော့်မှာ ယောက်ျားကြီးတန်မဲ့ သူ့ကို ကိုကို လို့ ခေါ်ရပါတယ်..။သူက ကျနော့် ကို အရမ်း အနိုင်ကျင့်ပါတယ်…သူအနိုင်ကျင့်သလောက် ကျနော်က လဲ သူ့ကို ခင်နေမိပါတယ်..။
အခုပြသနာကလဲ ဒီလို ပါ…..
……………………………………………………………………………….
“သားလေး မျက်နှာ သစ်ပြီးသွားပြီလား”
“ဟုတ် ...”
“ အမေ့ကို ပဲပြုတ်နဲ့ နံပြား သွားဝယ်ပေးပါလား”
“ဟာ မေမေ ကလဲ အစောကြီးရှိသေးတယ်”
“သွားပါ သားရယ် သား အဖေ နိုးလာရင် စားရအောင်”
ကျနော် လဲ အမေ့ စကားကို နားထောင် ချင်လွန်းအားကြီးလို့တော့ မဟုတ်ပါဘူး..အဖေ့ကို ကြောက်လို့ လမ်းထိပ်က လက်ဖက်ရည် ဆိုင် ကို စောစောစိးစီး ခေါင်းထိုး ၇ပါတော့တယ်…။
ငုဝါတို့ အိမ်ရှေ့ ရောက်တော့ သူ့ကို ရှာ မိသေးတယ်..။ဒီကောင်မလေး ထဦးမှာ မဟုတ်ပါဘူးလေ ဆိုပြီးတော့ ဆိုင်ကိုပဲ ထွက်ခဲ့ပါတယ်.။
အသွားတုန်းက ရှာ တာမတွေ့တဲ့ တယောက် အပြန်ကျတော့ သူ့အိမ်ရှေ့ မှာ အခန့်သားနဲ့ တယောက်ယောက်ကို စောင့်နေတဲ့ ပုံပါ..။
“ ဟိတ် ကိုကို နင်ဘယ်သူ့ကိုစောင့်နေတာလဲ”
“ အဟဲ… နင့်ကို စောင့်နေတာ..”
အမလေး သူမ အဲ့လို မျက်နှာ ချိုသွေးရင်ဖြင့် အသေခံ ဗုံးခွဲ သမားတယောက်ကို အနားမှာ ကပ်လျက် တွေ့လိုက် ရသလို ပဲ ထိတ်လန့်သွားပါတယ်….။
“ ဘာ … ဘာ လုပ်မလို့လဲ ဟင်..”
“ဗိုက်ဆာလို ….”
ကျနော့်လက်ထဲ က ပဲပြုတ်နဲ့ နံပြားကို မျက်စောင်းထိုးရင်းပြောတာပါ..။
“အာ နင်ကလဲ ဒါများ စားလေးဟာေ၇ာ့ စားလိုက်..ငါ ထပ်သွားဝယ်လိုက်မယ် ဆိုင်မှာ နံပြားက ကုန်တော့မှာဟ …။”
“နင်ကလဲ ငါက နင် ထုတ်ကြွေးတာ စားချင်တာ…ဟ.. နင်ကလဲ ဟာ နော်….”
“ဟင်း”
ကျနော်မှာ ငြင်းနိုင်စွမ်း မရှိပါဘူး..သူ့ဘေးမှာ ကမန်းကတန်း ထိုင်၇င်း နံပြား ကို အလောတောလေး ဖဲ့ပြီး ပဲပြုတ်ဖြင့် ထုတ်ပေး နေလိုက်ပါတယ်….သူမကတော့ ဒန်း နောက်ကျောကို ကျောမှီလို့ ပါးစပ်လေးပဲ ဟထားပါတယ်..။ ကျနော် သူ့ကို တလုပ်ချင်း ခွံ့ ရင်း နံနက်စာ breakfast ၀ိုင်းမှာ ကော်ဖီတစ်မျိုးထဲ ကို ကြိတ်မှတ်သောက်ပြီး ကျနော့်ကို ဘယ်လို စီရင်ချက်ချ မလဲ လို့ စဉ်းစားနေသော အဖေ ရဲ့ မျက်နှာထားတည်တည် နှင့် ကျနော် ပြန်အလာကို တဗျစ်တောက်တောက် နဲ့ ပြောရင်းစောင့်နေမယ့် အမေ့ရဲ့ မျက်နှာ ကို ပြေးမြင်မိပါတယ်…။ တွေးရင်းနဲ့ ကြောချမ်းလာပါတယ်..။ဒီနေ့တော့ မုန့်ဖိုးငတ်တော့မယ်ထင်ပါတယ် ကံမကောင်းရင် ဆော် ပလော် ပါတီးခံ ၇ကိန်း ရှိပါသည်။
ကျနော် ခွံ့ ကျွှေးတဲ့ နောက်ဆုံးအလုပ်ကို သူမ အတင်းကာရော သွပ်သွင်းပြီး တော့ မှ ကျနော့်ကိုမေးပါတယ်…။
“ဟဲ့ နင် အဲ့တာ တွေ ဘယ်သူဖို့လဲ..”
“ငါ့ အဖေ ဖို့..”
ဟင် နင့်အဖေ ဖို့လား
သူက ကျနော့် အဖေ တော့ ကြောက်ပါတယ် ။ကျနော့် အဖေ က ကျနော်တို့ အလယ်တန်းတုန်းက ကျောင်းမှာ ကျောင်းအုပ် ဆိုတော့ အဖေ့ အကြောင်းကို သိတယ်လေ..
“ဟယ် ဒုကပဲ နင်ဘယ်လို လုပ်မလဲ ပြန်သွားဝယ်ပါလား…”
“အချိန်လဲ ကြည့်ဦးနော် ဟိုဘက် လက်ဖက်ရည်ဆိုင်က အသွားအပြန်တောင် နာရီဝက်လောက်ကြတာ..ပြီးတော့ ရှိမရှိ လဲ မသေချာဘူး…လမ်းထိပ်က ဆိုင်ကလဲ ငါ ခုနက သွားဝယ်တော့ ကုန်ခါနီးနေပြီ နောက်မှာလဲ လူတွေ အများကြီးတန်းစီနေတာ…ဒီနေ့တော့ ဘယ်မှာမှ ၀ယ်လို့ရမယ် မထင်ပါ..။”
ကျနော်ပြောတော့ သူတွေတွေ လေး စဉ်းစားနေပါတယ်…။
“ဟုတ်ပြီ ဒီလိုလုပ်..”
“ဘာလဲ ဟ အလန့် တကြား …”
“နင့် အမေ ကို ပြောလိုက်ပေါ့ နံပြား ၀ယ်ခိုင်းတာကို သားက နားကြားမှားပြီးတော့ ပန်ကန်ပြား ၀ယ်ခဲ့မိတာလို့ ..ငါအမ မင်္ဂလာ ဆောင် လက်ဖွဲ့တွေထဲ က ပန်ကန်ပြားတစ်ချပ် နင့်ကိုပေးမယ် လာ….လာ”
“ဟာ နင်ကလဲ ဘယ်လို လုပ် ရမလဲ ဟ…ကလေးမှ မဟုတ်တာ အဲ့လောက်တော့ ဘယ်လွယ်မလဲ…”
“နင်ကလဲ ၇ပါတယ်ဆို ဟာ..လာ စကား မများနဲ့ ငါပြောတဲ့ အတိုင်းလုပ်…”
ဟုတ်ကဲ့ ကျနော်လဲ သူပေးတဲ့ အကြံကို အဟုတ်ကြီး မှတ်လို့ ပန်ကန်ပြားလေးကို ကိုင် လို့ အိမ်ထဲ ကို မ၀ဲ့ မရဲလေး လှမ်း လာခဲ့ပါတယ်…။
“၈၁၂ …၈၁၃...၈၁၄..၈၁၅..”
“ဟိုကောင်..”
အဖေ နဲ့ ဆိုက်ဆိုက်မြိုက် မြိုက် ကို အိမ်ပေါက်ဝ မှာ တိုးပါ တော့သည်…
“ဒါ မင်း ဘယ်က ပြန်လာတာလဲ ဟင်..”
“ဈေးကလေ ဖေဖေ …”
“ဘယ်အချိန် ရှိပြီလဲ ကွ မင်းဟာ က ငါမနိုးခင်သွားတာ ဆိုအခု မင်းဈေးသွားတာ ၁ နာရီ ပြည့်တော့မယ်..ဈေးက အဲ့လောက် ဝေးလားကွ..”
“ဟို..ဟို… အဖေ ပဲ ပြောတယ်လေ ပတ်ဝန်းကျင်ကို အမြဲ မျက်ချေ မပြတ်လေ့လာရမယ်ဆိုလို့ သား ကဈေးနဲ့ အိမ် ဘယ်လောက်ဝေးလဲ လို့ တိုင်းနေတာ အဖေ ခုနက မကြားဘူးလား သားတိုင်းနေတာလေ ၈၁၆ လား မသိဘူး…”
“တော် စမ်း ဘယ်မှာ လဲ နံပြား..နဲ့  ပဲ ပြုတ်…”
“နံပြား .. နံပြား… နံပြားမဟုတ်ဘူးလေ အဖေရဲ့ ပန်ကန်းပြားပါ..သားကို ပန်ကန်ပြား ၀ယ်ခိုင်းတာ မှလား..ဒီမှာလေ ပန်ကန်ပြား…”
“ဟာ ဒီကောင် ငါ့ကို အရူး လုပ်နေတယ်.. မကြွယ် ဒီမှာ မင်းသား ၀ယ်လာတဲ့ ပန်ကန်ပြားကိုလာယူ ငါ့ ကြိမ်လုံး ပါ ယူခဲ့…”
“ဗျာ…အဖေ …ဟိုဟာ လေ အဲ့တာ က.”
((((((( အားးးးးးးးး)))))))0
သေနာမ ငုဝါ နင်ပြောတော့ အေးဆေးပါဆို ..အဟင့်..
နောက်ဆုံးတော့လဲ ကျနော့် တင်ပါးက အရိုးရာ နဲ့ သူ့ ကို ခွံ့ ကြွေးခဲ့တဲ့ နံပြားထုတ်အရည် အတွက်ကို နှိုင်းယှဉ် ရင်းနဲ့ ပဲ သူငယ်ချင်းမလေး ကို ကျိန်ဆဲ နေမိပါတော့တယ်..။
………………………………………………………………………………………………..
“ဘယ်သွားဦးမလို့လဲ ဟ….”
“လာပါဟာ ရေစပ်နား သွားရအောင် ပါ..”
“ငါညောင်းနေပြီ..”
သူမဈေးဝယ်ထွက်တိုင်း ၀ယ်နေကျ အထုတ်ကို ဆွဲလို့ ကျနော် ညည်းညူ မိပါတယ်..။
နင်နော်..
ကျနော့်ရဲ့ အလိုမကျ မှု ဟာ သူမရဲ့ မျက်စောင်း အချက်အဝေ့မှာ အင်းလျားရေပြင်နဲ့ အပြိုင်ငြိမ်သက်သွားပါတယ်…။နောက်ထပ် အပြုံး တချက် အပွင့် နဲ့ အတူ ကျနော့် ဆန္ဒ အားလုံးကို သူမ ၀ယ်ယူသွားပါတယ်..။
“လာဟာ ငါနဲ့ ဆော့ရအောင်”
“ဘယ်လိုဆော့မှာလဲဟ..”
“ ခဲပြိုင်ပြစ်မယ်လေ ဘယ်သူ ဝေးဝေး ရောက်လဲ ဆိုတာ”
“အင်း…ကောင်းသားပဲ အလကားတော့ မရဘူး ဘာကြေးလဲ” ကျနော်လဲ အပိုင်ပဲ ဆိုပြီးတော့ ချည်လိုက်ပါတယ်..ဟုတ်တယ်လေ ယောက်ျားလေးနဲ့ မိန်းကလေး သူကျနော့်လောက် ဘယ်သန်မလဲ..ဟွန်း တသက်လုံးအနိုင်ကျင့် လာတာတွေ့မယ် ဒင်းတော့….
“နဘန်း ကျင်းကြေး”
“ တကယ်နော် ပြီးမှ ထွက်မပြေးရဘူး”
“အေးပါ .. နင်သာ ဂတိ မဖျက်နဲ့..”
“ အေး ငါပြစ်ပြီ …” ပြောပြော ဆိုဆို ကျနော် ဘေးက ကျောက်ခဲ တစ်တုံးယူပြီး ပြစ်ရင် ဟန်ပြင်လိုက်ပါတယ်.။
“ဟဲ့ နေဦးလေ ဟာ…”
“ ဟာ ဘာလဲဟ..နင်ကလဲ..”
“ ဘာနင်ကလဲ လဲ နင်က ယောက်ျားလေး ဖြစ်ပြီးတော့ ညာဖက်ကြီးနဲ့ ပြစ်ရလား မရဘူး ဘယ်နဲ့ ပြစ်…”
“ဟင် နင်ပြောတော့…နင်..နင်.. နင်က ကြိုလဲ မပြောဘူး”
“ ဘာ နင်ပြောတော့ လဲ ..ငါပြောတုန်းက ဘယ်လက်နဲ့ ပြစ်ရမယ်ဆိုတာ ထည့်မပြောမိဘူး..အခုမှ ပြောတာ ..ငဇင်ရိုင်းနော် .. နင်မညစ်နဲ့”
သူ့နှုတ်ခမ်း အဆူမှာ ကျနော့် လက်ထဲ ကို ဗြမာ ခေါင်း သုံးခေါင်းလောက် ကျလာသလို နေရခက်လာပါတယ်…။
“အေးပါ ကျောင်းအမရယ် နင့်သဘောပါ လာပြစ်မယ်”
“ဟဲဟဲ အဲ့လို မှပေါ့ သယ်ရင်းရယ်..”
“ဟူးးးးးးးးးးးးး”
ဟုတ်ကဲ့ ထုံးစံ အတိုင်း ကျနော်ရှုံးပါတယ် ရှုံးတာမှ ပက်ပက် စက်စက် ကိုရှုံးပါတယ်..ခေါင်းတစ်ခုလုံးလဲ ထူပူနေအောင်ကို နဘန်ကျင်း ခံ၇ပါတယ်..။
………………………………………………………………………………….
“အဟင့်…ငဇင်ရိုင်း ငါ့ကိုလာခေါ်…အခုလာခေါ် အဟင့်”
“ ဟင် ကိုကို ဘာဖြစ်တာလဲ ဘာလို့ ငိုနေတာလဲ လာပြီ လာပြီ အခုလာပြီ…”
ဖုန်းထဲ မှ သူမ အသံက တကယ်ကို ကြေကွဲ ၀မ်းနည်းနေတဲ့ ပုံ မို့လို့ ကျနော့်မှာ ခြေမကိုင် မိ လက်မကိုင်မိ ဖြစ်ရပါတယ်….။သူမ အိမ်ရှေ့ကို ရောက်တော့ သူမက ဆိုင်ကယ်ပေါ် ကို အတင်းတတ်ပြီးတော့ အတင်းကို မောင်းခိုင်းပါတော့တယ်…..
“ဘယ်ကို နင်း၇မလဲ”
“ေ၇ကန်ကို..”
ကျနောလဲ မြို့ ပြင်က ရေကန်ဆီကို မိုင်ကုန်တင်ပြီး နင်းလိုက်ပါတယ်..
“ငါ နိုင်ငံခြား သွားရတော့မယ်…”
“ဟင်..”
ကျနော့် နားထဲကို ထူပူထွက်သွားပါတယ်…ကျနော့်မျက်ခမ်းစပ်တွေ လဲ တဆတ်ဆတ် တုန်ခါလာပါတယ်…
“ဘာ ဘာပြောတယ် နင် က ဘယ်ကို သွားမှာ”
“ငါ နိုင်ငံခြားမှာ ကျောင်းသွားတတ်ရမှာတဲ့ အဖေ ကပြောတယ် အားလုံးပြင်ဆင်ပြီးပြီတဲ့..”
“နင့် အခုကျောင်းကရော”
“ထွက်လိုက်တဲ့လေ ဟိုမှာက အလုပ်လုပ်ရင်း ကျောင်းတတ်လို့ရတယ်တဲ့”
ကျနော် သူမဘေးနားမှာ ဘာစကား မှ မပြောနိုင်ပဲ ခြေကုန်လက်ပန်းကျ စွာ လဲပြို ကျသွားပါတယ်…
သူမကလဲ ကျနော့် လက်မောင်းပေါ်ကို ခေါင်းအပ်ပြီးတော့ တရှိုက်ရှိုက်နဲ့ ငိုနေပါတယ်…
ကျနော် စိတ်ကိုအတတ်နိုင်ဆုံးထိမ်းလိုက်ပါတယ်….
“နင် ပြန်လာမှာ မှလား..”
“အင်း ငါပြန်လာမှာ နင် ရှိတဲ့နေတဲ့ အတွက် ငါပြန်လာမှာပါ…”
ကျနော် မျက်ရည်တွေ ကြားထဲမှ သူမကို ပြုံးပြလိုက်မိပါတယ်…
“ငါ ပြန်လာရင် ငါနေဖို့ အိမ်ကို နင်ဆောက်ပေး၇မယ်နော်..”
သူရော ကျနော်ရော gtc နောက်ဆုံးနှစ်တွေပါ…။
“အေးပါ နင် ကဘယ်လို ပုံစံ လေးမျိုး လိုချင်လို့လဲ …”
“ငါကလား ငါက ရေကန်လေးလိုချင်တယ် ခြံဘေးမှာပေါ့ဟာ ပြီးတော့ ပန်းခြံလေးနဲ့ ရေကန်ထဲမှာ ငါး လေးတွေ လဲ မွေးထားမယ်လေ..”
သူမ ကအခုတော့ ငိုထားတာ သူမဟုတ်တော့သလိုမျိုး အားကြိုးမာန်တတ် ပြောပြနေပါတယ်…။
……………………………………………………………………………………………………..
“ဟဲ့ ငဇင် ရိုင်း နင်နေကောင်းလား”
“ကောင်းပါ့ နင်ရော နင်ကလဲ ငါ့ဆီဖုန်းလေးတောင် မဆက်ဘူး…ငါ က နင့်ကိုတွေ့ချင်လွန်းလို့ နင့်အမေ ဖုန်းဆက်တဲ့ အချိန်ကို အမှီလာဖမ်းရတယ်..”
“ဆောရီးပါ သယ်၇င်းရယ် ငါ အလုပ်တွေ ရှုပ်နေတာဟ ဒီမှာ အလုပ်လဲ လုပ်ရ စာလဲ သင်ရတယ်လေ
နားတောင် မနားရဘူး…နင်ရော အလုပ်ဝင်နေပြီလား…”
“အေ ၀င်နေပြီဟ ငါ့ အဖေ သွင်းပေးထားတာ ဆောက်လုပ်လေး တစ်ခုမှာပေါ့ မဆိုးပါဘူး လုပ်လို့ အဆင်ပြေသားပဲ ..”
“နင် ပြန်မလာသေးဘူးလားဟ..”
“ နင် ရည်းစားမရသေးဘူးလား..”
သူမေးခွန်းနဲ့ ကျနော့် မေးခွန်း ဆုံသွားပါတယ်…
ထုံးစံ အတိုင်း ကျနော်ကပဲ အလျော့ပေးပြီးတော့ သူမေးတာကို ဖြေလိုက်ပါတယ်…
“ငါ့ နှလုံးသား ကိုသော့ခတ်ထားတာဟ..ပိုင်ရှင်က အနားမှာ မရှိလို့လေ..”
“ဟုတ်လား ငါတော့ ဒီမှာ အကိုတယောက်နဲ့ ငြိ နေပြီဟ သူက ငါ့ ကို အရမ်းအလိုလိုက်တာ..အ၇မ်းလဲ ချောတယ် ကိုရီးယားမင်းသားလေး ကျနေတာပဲ အခု ငါနဲ့ အတူတူ နေတာလေ ဟဲ့ ငါ့ အမေ အဲ့တာတွေ မသိဘူးနော် နင့်သွားမပြောနဲ့ဦး…”
“အေး အေး ပါ..”
ကျနော် ဘာမှ ပြောချင်စိတ် မရှိတော့ ပဲ ဖုန်းခွက် ကို အသာလေးချလို့ လှည့်ထွက်ခဲ့ ပါတော့တယ်..
စိတ်ထဲ မှာတော့ အတူနေတာ အတူနေတာ ဆိုတာကိုပဲ ထပ်ခါတလဲလဲ ရွတ်နေမိပါတော့တယ်..
အော် သူငယ်ချင်းရယ် … နင် အဆင်ပြေနေတာလား ပျော်ရွင်နေတာလား ဒါဆိုရင်လဲ ငါ အေးဆေးပဲ နေပါ့မယ် ဒါပေမယ့် နင်လိုအပ်လာပြီဆိုရင်တော့ ငါ့ ကို ခေါ်လိုက်ပါ ငါ အပြေးလာခဲ့ပါမယ်… ငါပြောခဲ့ဖူးသလိုပေါ့ဟာ…သူငယ်ချင်းဆိုတာ စူပါမင်း ပါလို့..လူသားတွေ အေးချမ်းနေတဲ့ အချိန်မှာ စူပါမင်းက အေးဆေးပဲ ဂျာနယ်ဖတ်နေမှာပါ.. တခုခု အန္တရယ် ကြုံ လာတော့မယ်ဆိုရင်တော့ စူပါမင်းက အသက်စွန့် ကာကွယ်တာပဲလေ..ငါလဲ နင့် အတွက် စူပါမင်း တယောက် ဖြစ်ချင်ပါတယ် သူငယ်ချင်းရယ်…..
……………………………………………………………………………….
“ညီလေး ဒီအကိုကြီးက အိမ်လေးကို သဘောကျလို့တဲ့ကွာ ညီေ၇ာင်းမယ်ဆိုရင် ကြိုက်ဈေးပေးပါ့မယ်တဲ့..”
“ဟာ ပွဲစားကြီး မှားတော့ နေပြီဗျ ဒီကအကိုကြီးလဲ အားနာပါတယ် ကျနော် ဒီအိမ် ကိုရောင်းဖို့ မဟုတ်ပါဘူး..”
“အေးကွာ အကို့ အမျိုးသမီးကလဲ ညီ့အိမ်ကိုတွေ့ပြီး သဘောကျနေလို့လေ.. အေ အေ ညီ ရောင်းချင်စိတ်ပေါ်လာရင်တော့ အကို့ကို ဆက်သွယ်ပါကွာ ဒီမှာ အကိုရဲ့ လိပ်စာကဒ် …”
ကျနော် ဒီအိမ်လေးကို ၄ နှစ်ကြာဖန်တီးခဲ့ရတာပါ…ရေကန် လေး တစ်ခုကို ဒီဇိုင်းတွေ တထပ်ထပ် ဆွဲ…။ ရေသေ မဖြစ်ရအောင်လို့ေ၇ပန်းတွေ ကို နိုင်ငံခြားကနေခဲရာ ခဲ ဆစ် မှာယူထား၇တာပါ..အိမ်တွင်းအလှ ဆင်လုပ်ငန်းနဲ့ ပန်းခြံ လုပ်ငန်းကိုလဲ နှစ်ချီ စာချုပ် ချုပ်ပြီးတော့ အလှဆုံး အိမ်တွင်းပန်းခြံလေးကို ဖန်တီးခဲ့၇တာပါ..။ဒါတွေ အားလုံး က တော့ ကျနော့် သူငယ်ချင်းလေး အတွက်ပါလို့ ပြောစရာ မလိုတော့ပါဘူး..။
…သူငယ်ချင်းလေး ရေ နင်ပြောခဲ့တာ စကားတွေက ပုံပြင်တွေလားကွာ…
…နင်ရှိနေတဲ့ အတွက် ငါပြန်လာမှာ လို့ နင်ပြောခဲ့တယ်နော်..
ငါရှိနေတယ်လေ ဟာ …. ဘာလို့ နင် အကြာကြီး ရှိနေပြီ ပြန်မလာသေးတာလဲ …
…နင်ကြိုက်တဲ့ ပဲပြုတ် နဲ့ နံပြားကို ငါ မနက်တိုင်း ပြင်ထားတတ်နေပြီလေ နင် ပြန်လာရင် အရံသင့် ငါထုတ်ကြွေးချင်လို့ပါ..
သူငယ်ချင်း၇ယ် နင့်အိမ်ထောင်ကျလို့ ကလေးတွေ ရှိလာရင်လဲ ငါ နင့်ကလေးတွေ နဲ့ ဆော့ ချင်သေးတယ်….မုန့်တွေလုစား ချင်သေးတယ်..
သူငယ်ချင်းရယ် အရင်လို့ ငါ့ကို အနိုင်ကျင့်ဖို့ ပြန်လာ ပါတော့ဟာ….။

12 December 2009...

ဒီနေ့ ကောင်းကင်မှာကြယ်တစ်ခင်း ထပ်ပေါင်းပြီးတော့ လင်းတယ်…

ဒီနေ့ သံယောဇဉ် နဲ့လွန်းတင်တဲ့ကြိုး အဆက်ထုံးမရှိအောင် ချောတယ်…

ဒီနေ့ ကဆုန်ပေါက်နေတဲ့ မြင်းရိုင်းအုပ် ငါ့ရင်ထဲမှာ ရေသောက်ဆင်းတယ်…

ဒီနေ့ ငါ့နန်းတော်ထဲက ဘု၇င်မ အလှဆုံးအပြုံးနဲ့ မျက်လွာဖုံးတယ်….။

ဒီနေ့ အကောင်းဆုံးသံစဉ်နဲ့ ကဗျာတစ်ပုဒ် ငါ မမေ့နိုင်တော့အောင်ကို ထပ်ခါထပ်ခါ ဖတ်နေမိတယ်….။

နှစ်ဦးသဘောမတူ လမ်းခွဲ ပြတ်စဲခြင်း...

အမှောင်ရောင် လင်းတဲ့လမ်း…
အငို မျက်ဝန်းကို ပိုလက်နေစေရဲ့…
သူ့ရင်စကား မကြားလဲ သိနေရ…
သူ့ သွေးကြော က ခုန်ပေါက်နေတဲ့ အား
((((((…မသွားပါနဲ့…)))))လို့ … တားနေသလို….

အနမ်းငွေ့ငွေ့ လေးကို လွမ်းလျှက်…
သူ့ရှိုက်သံရဲ့ တုန်ခါမှု …
လွင့်မျှော နေတဲ့ ဆံနွယ်တစ်စု …
နှလုံးသားကို တဖြောက်ဖြောက် ချွေ ပြီကော….



သူ့လက်ကို ဖြေ အံတင်းပြီးနှုတ်ဆက်…
တိုးဖွဖွ စကားလေး တစ်ခွန်း
(((((((…နေခဲ့ပါတော့…)))))))
ကျစ်နေအောင် ဆုပ်ထားတဲ့လက်သီး…
တဆတ်ဆတ် တုန်နေတဲ့ နှုတ်ခမ်းဖျား ကိုကိုက်လို့
နောက်ကို ဆတ် ခနဲ့လှည့်…
ပေါက် ခနဲ ကျလာတဲ့ မျက်ရည်စက်တွေ…
ချစ်ရသူ မမြင်မိပါစေနဲ့….
…. နေခဲ့တော့ လမ်းလေး ရယ်….
လသာတဲ့ တနေ့
မင်း သခင်မ လက်ကို စွဲ
ငိုခဲ့တဲ့ မျက်ရည်စတွေ ပြန်တွက်ချင်လို့
မျက်ရည်စို တွေ မခြောက်ပါစေနဲ့..။

နောက်ဆုံးစာမေးပွဲ....

“အား ရိုးးးးးးးးးး…အေးလိုက်တာ…”
ကားတခါး ခဏဖွင့်တဲ့ အချိန်လေးအတွင်းမှာ စိမ့်ဝင်လာတဲ့ အအေးငွေ့ များက အနွေးထည်အထပ်ထပ် ၀တ်ထားသော ခန္ဓာကိုယ်ကို ဖောက်ပြီး အ၇ိုးထဲထိ စိမ့်ဝင်သွားပါသည်..။ ဒီနေ့မော်စကိုမြို့ရဲ့ အအေးချိန် က (အနှုတ် ၂၅ )လေ..။အပူချိန် ၃၅ လောက်မှာ နေထိုင်ကြီးပြင်းလာတဲ့ အညာသားကျနော့် အတွက်တော့ တကယ့်ကို အဆင်မပြေလှပါ..။ပညာရေး နဲ့ တာဝန်ကြောင့်သာမဟုတ်၇င် ချက်ချင်း မြန်မာပြည်ကို ပြန်ပြေးချင်မိပါတယ်..။
ကားဂိတ်မှာ အအေးဒါဏ်ကို ခုခံရင်း ကားစောင့်နေတဲ့ ရုရှား အများအပြားပါ…။အပြင်မှာ အေးလွန်းလို့ ကားထဲကို မြန်မြန် ရောက်နိုင်အောင် တိုးဝှေ့ လုတတ်နေကြပါသည်…။ထိုအထဲက အဖွားအိုတစ်ယောက်က များပြားလှတဲ့ လူအုပ်ကြီးထဲကနေ ရှိသမျှခွန်အားလေးနှင့် ကားပေါ်ကို ရောက်အောင် ကြိုးပမ်းနေရှာပါတယ်..။ဒါပေမယ့် နောက်ဆုံးတော့ သူလက်လျော့လိုက်ပုံပါပဲ…ရှေ့တံခါးကနေမ၀င်တော့ပဲ နောက်တခါး ကနေတက်လာပါတော့သည်..။ဒီလိုနိုင်ငံတွေမှာက မြန်မာက လိုင်းကားတွေလို စပယ်ယာ မပါပါ..။အရှေ့ပေါက်ကနေ ခရီးသည်က တတ်ရပါတယ်..။ကားလက်မှတ်ဝယ်စီးမယ်ဆိုရင်လည်း ဒရိုင်ဘာထံမှ ကားကဒ်ကိုဝယ်ပြီးတော့ ကားလက်မှတ် စစ်တဲ့ စက်ထဲကို ကားလက်မှတ် ကဒ်လေးထည့်ရပါတယ်…။ ထည့်ပြီးမှလဲ ကားဝမ်းဗိုက်ထဲကို ၀င်နိုင်မယ့် နောက်ထပ်အတွင်း တံခါးတစ်ခုက ပွင့်သွားတာပါ..။ အများစုကတော့ တလစာ ကဒ်တွေဝယ်ထားတာ များပါသည်..။ကျနော်တို့ကတော့ ကျောင်းသားတွေဆိုတော့ အထူးလျော့ဈေးနဲ့ တစ်လစာ ကားကဒ်တွေ ၀ယ်လို့ရပါတယ်..။ပုံမှန်ထက်ကို ကျနော်တို့က ၅ ဆလောက်သက်သာပါတယ်…။အနောက်ပေါက် ကတော့ ဆင်းမယ့် ခရီးသည်တွေ အတွက်သာ အဖွင့်အပိတ်ပြုလုပ်ပေးတာပါ..။ဆင်းမယ့်ခရီးသည်မရှိ၇င် လည်း တံခါးက ဖွင့်ပေးပါတယ်..ဒါကြောင့် များသောအားဖြင့် နောက်ပေါက်မှာ လူအဆင်းနည်းလှပါတယ်…အခုဆိုရင် တယောက်မှဆင်းမယ့်လူမရှိလို့ အဖွားအို တတ်လာတာပါ..။
အဖွားအိုကားပေါ်ကို ရောက်ရောက်ချင်းပဲ ပြဿနာက စလာပါတယ်..။ ကားမောင်းသမားက မိုက်နဲ့ လှမ်းအော်နေပါပြီ..။ထိုအဖွားအိုအား ကားလက်မှတ်ကို လာဝယ်၇န် ဒါမှမဟုတ်လဲ ကားလက်မှတ်ပါ ပါက လက်မှတ်စစ်တဲ့ စက်ထဲကို လာထည့်ရန် အော်ဟစ်သတိပေးနေပါတယ်..။အကယ်ရွေ့ တစ်ခုမှ မပါဘူးဆိုရင်တော့ ကားပေါ်ကနေချက်ချင်းပြန်ဆင်းရမယ် ပေါ့..။သူက ပြောရင်းနဲ့ အဖွားအိုတတ်လာတဲ့ ကားတစ်ခါးကိုလဲ ပြန်ဖွင့်ထားလိုက်ပါသေးတယ်...။ထုံးစံအတိုင်း ပဲ လေတွေ ထပ်ဝင်လာတာပေါ့..။ဘေးနားက ခရီးသည်တွေကလဲ အေးလို့ ပွစိပွစိလုပ်နေကြပါတယ်..။
အဘွားအိုကလဲ တုံချိနေတဲ့ သူ့လက်အစုံကို နဲ့ သူ့ရဲ့ဘေးလွယ်အိတ် ထဲကိုနှိုတ်ချွတ်ရှာဖွေ နေပါတယ်…ကြည့်ရတာ သူ့မှာ ကားကဒ် မပါခဲ့ဘူးထင်ပါရဲ့..မေ့ကျန်ခဲ့တာလား ဒါမှမဟုတ် နဂိုကတည်းက မပါတာခဲ့တာလား..။ ဘေးနား က ရုရှားလူမျိုး ခရီးသည်တွေကလဲ တွန်းအားတွေ ပေးနေပါတယ်..။ အော်…ဒီမို့ရေစီလက်သစ်လူငယ်လေးတွေနဲ့ ကွန်မြူနစ် အဖွားအိုတို့၏ ခံယူချက် စရိုက်တွေ ပါလား…
ဘေးက အမြင်မတော်တဲ့ ကျနော်က ပဲ လက်မှတ်စစ်တဲ့ စက်ထဲကို ကျနော့်ရဲ့ ကဒ်ကိုသွားထည့်ပေးလိုက်ပါတယ်…ကျနော့်တို့ ကဒ်က ကျောင်းသားတွေ အတွက်အထူး လက်မှတ်ဖြစ်တဲ့အတွက် unlimited ပါ..။
အဖွားအိုက ကျနော့်ကို ကျေးဇူးတင်သလို ကြည့်ပါတယ်..ပြုံးနေတဲ့သူ့သွားတွေကလဲ ကျိုးတိုးကျဲတဲနဲ့ကြည့်ရ ဆိုးလှပါသည်..။ ဒါပေမယ့် သူ့အပြုံးကတော့ လှပနေဆဲပါပဲ..။
ကျနော်ထိုင်နေတဲ့နေရာကိုလဲ သူ့ကိုပဲနေရာ ပေးလိုက်ပါတယ်..။
“မင်းက ဗီယက်နမ်လား…”
သူတို့က ကျနော့်တို့ကို ဗီယက်နမ်နဲ့ အရမ်းမှားကြပါတယ်…
“မဟုတ်ပါဘူး မြန်မာ ကပါ..ဗမာ ပါ..”
“အော်..မင်း ကားကဒ်လေး က ကောင်းလိုက်တာ ဘယ်လောက်ပေးရလဲ…”
“ရုဘယ် ၂၁၀ ပါ…”
“ဟုတ်လား တကယ်ဈေးပေါတာပဲ ငါ့လဲ ၀ယ်ချင်လိုက်တာ ငါ့ကို ရုဘယ် ၅၀၀ နဲ့ ပြန်ရောင်းပါလား..။”
ကျနော်ပြုံးမိပါတယ်…။ဘေးနားက ရုရှား တွေကလဲ ပြုံးစိပြုံးစိ ဖြစ်နေပါသည်..။အင်း အဖွားကြီးကတော့ ကျနော့်ကိုနောက်နေပါပြီ..။ ကျနော်လဲ စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာလို့ ပြန်ပြောမိလိုက်ပါတယ်..။
“အဘွား ဒီကားကဒ်ကလေ ကျောင်းသားငယ်လေး တွေ အတွက်ပဲ ရောင်းတာဗျ.. ကျောင်းသားကြီးတွေအတွက် မရောင်းဘူး…”
သူ ငြိမ်သွားပါတယ်..ကျနော့်စကားရဲ့ အနက်ကိုလဲ သူမသိသလို ငေးနေပါတယ်..ခုနက ပြုံးစစလုပ်နေတဲ့ ရုရှားတွေလဲ ကျနော့်စကားကို နားမလည်သလို ပြန် စဉ်းစားနေကြပါတယ်…။
“ဟားဟား ကောင်လေးကလဲ..အဖွားက အသက်ပဲ ၈၀ ကျော်နေပြီ ကျောင်းသား ဘယ်ဟုတ်တော့မလဲ ကွယ့်…”
ကျနော့်အကွက်ထဲ ၀င်လာပါပြီ..ကျနော်လဲ သူတို့ နားလည်နိုင့်မယ့် အလွယ်ဆုံးနဲ့ အရှင်းဆုံးစကားလုံးများကိုရွေးပြီး ပြောလိုက်ပါတယ်..
“ဒီလိုပါ အဘွား…ကျနော်တို့ တိုင်းပြည်က စာရေးဆရာ ရဟန်းတပါးက စာအုပ်တစ်အုပ်ထဲမှာ ရေးထားတယ်လေ..သူကပြောတယ်..ဘ၀ဆိုတာ ကျောင်းကြီးတစ်ခုပဲတဲ့…ကျနော်တို့ဟာ မသေခင်အချိန်ထိ ဘ၀ဆိုတဲ့ ကျောင်းကြီးမှာ ပညာတွေ သင်နေကြတာတဲ့..အဖွားက အသက် ၈၀ ကျော်ပြီဆိုတော့ ကျောင်းသားကြီး ဖြစ်နေပြီလေ…ကျနော်ကတော့ အသက် ၂၀ ကျော်လေးပဲ ရှိသေးတဲ့အတွက် ကျောင်းသားလေးပဲ ရှိသေးတာပေါ့..မဟုတ်ဘူးလား…”
ကျနော့်စကား သံအဆုံးမှာကား စက်သံမှလွဲရွှေ့ ဘေးပါတ်ဝန်းကျင်မှာ ငြိမ်သက်သွားပါသည်..။ သူတို့ ကျနော့်စကားကို စဉ်းစားနေပုံပါ..။ အဖွားအိုက ကျနော့်ကို ထပ်မေးပါတယ်..။
“နေပါဦး ကောင်လေးရ..ဒီလိုဆို ငါတို့ ကမင်းပြောတဲ့ ဘ၀ကျောင်းကြီးမှာ ဘာတွေ သင်ကြားနေရတာလဲ…”
“အော်..ကျနော်တို့ဟာ ဒီ ဘ၀ဆိုတဲ့ကျောင်းကြီးမှာ….လူမှုရေးနဲ့ ပါတ်သတ်ပြီးတော့ ကိုလုပ်ခဲ့တဲ့ အမှုကိစတွေ..စီးပွားရေးနဲ့ပါတ်သတ်ပြီးတော့လုပ်ဆောင်ခဲ့တဲ့ အမှုကိစတွေ ..မိသားစုစားဝတ်နေရေးအတွက်လုပ်ဆောင်ခဲ့တဲ့ အမှု ကိစတွေစတွေမှာ တရားမျှတမှု ဆိုတာ ရှိအောင်ဘယ်လိုလုပ်ရမလဲ …အများကောင်းမှု အတွက် ဘယ်လိုရည်ရွယ်ပြီးလုပ်ဆောင်ရမလဲ ဆိုတာ ကိုသင်ပေးပါတယ်..ပြီးတော့ အများကြီးပေါ့…”
အဘွားအိုက တချက်တွေးနေပါတယ်..ပြီးတော့မှ နောက်ဆုံးမေးခွန်းလို့ထင်တဲ့မေးခွန်းတစ်ခုကို မေးပါတော့တယ်..
“အဲ့ဒီ ကျောင်းကြီးမှာ စာမေးပွဲ ရှိလား…”
“ရှိပါတယ် ခင်ဗျ…”
ကျနော် ပြုံးလျှက်ပြန်ဖြေလိုက်ပါတယ်..
“ဘယ်တော့လဲ …”
“သေဆုံးတော့မယ့် အချိန်ကျမှပါ…”
“ဟေ..ဟုတ်လား..ဒါဆို အဲ့ဒီအချိန်ကျ၇င် ဘာတွေမေးမှာလဲ ကွယ့်…”
“အော် ကိုယ့်ဘ၀ တလျောက်လုံး…ဘ၀က သင်ပေးတဲ့ သင်ခန်းစားတွေ ထဲကအတိုင်း ကိုယ် ဘယ်လောက် လုပ်ဆောင်ခဲ့လဲဆိုတာ…အများအကျိုးအတွက် ဘယ်လောက် လုပ်ခဲ့လဲဆိုတာတွေကို မေးတာပေါ့..”
“အော်…”
ဘေးနားမှာ ရှိတဲ့ ရု၇ှားတွေကပါ သဘောကျသလို ပုံစံမျိုးတွေနဲ့ တုံ့ပြန်ကြပါတယ်...တချို့ ကောင်းလိုက်တာကောင်းလိုက်တာ လို့ ပြောကြသည်…။အဘွားအိုက အတော်ကြာတွေးနေပြီးတော့မှ သူက ကျနော့်ကိုကြည့်ပြီးပြုံးလျှက်ပြောပါသည်…။
“ဒါဆို အဘွားက စာမေးပွဲ ဖြေ၇ဖိုး နီးနေပြီပေါ့နော်…”
“ဒါပေါ့ ပြင်ဆင်သင့်နေပြီ…”
ကျနော်လဲ ပြုံးလျှက်ပြန်ဖြေမိပါတယ်…
ကားပေါ်က ခရီးသည်များအားလုံးပြန်လည်ငြိမ် သက်သွားပါတယ်..။ သူတို့…ကျနော့်ရဲ့ စကားကို စဉ်းစားသုံးသပ်နေပုံပါ…။ ကျနော်လဲ ကျနော့်တိုင်းပြည်မှ စာပေအဆင့်အတန်းကို ဖော်ပြလိုက်ခွင့်ရလို့ ကျေနပ်အားရမိပါတယ်…။
ကားလေးက တရွေ့ရွေ့ မောင်းနှင်နေပါသည်..။ ကျနော်လဲ ငြိမ်သက်မှုထဲ သို့ပြန်လည်တိုးဝင်သွားပါတယ်..။
ပြီးတော့အခုတကြိမ်ဖြေရမယ့် စာမေးပွဲအတွက် ဖြေဆို၇မယ့် အဖြေတွေကို ပြန်လည် စဉ်းစားရင် စာပြန်နွေးနေမိပါတယ်…။အဘွားအို ကိုတချက် ကြည့်မိပါသည်..။သူလဲ ကားပြတင်းပေါက်ကို ငေးရင်း ငြိမ်သက်နေပါတယ်….
အော်…….သူလဲ သူ့ရဲ့နောက်ဆုံးစာမေးပွဲ အတွက် စာပြန်နွေးနေတယ် ထင်ပါရဲ့….။
………………………………………………………………………………………………………….
ဆရာတော် ဦးဇောတိကအား ယခုနေ၇ာမှ ရှိခိုးကန်တော့ လိုက်ပါသည်…။
…………………………………………………………………………………………………………

အွန်လိုင်း ချစ်သူ...

“ဟေ့ ရောက်နေပြီလား…”
“နွယ့်ဆီမှာ နေမကောင်းဖြစ်နေတာ..”
“ဟုတ်လား ဘာဖြစ်ပြန်ပြီလဲ..”
“မနေ့က မိုးထဲ သွားတော့ မိုးတွေ စိုတယ်.. အဲ့တာ အေးနေရော..အခု ဆရာဝန်ကပြောသွားတယ် နွယ်ဖျားနေသည်တဲ့ …”
“အော် အအေး မိတာလား…”
“အင်း ဟုတ်တယ် ဆရာဝန်က အဲ့လိုတော့ ပြောတယ် ..အအေးမိတာတဲ့…”
“ဖြစ်ရလေ…”
ဒီကောင်မလေး ကတစ်မျိုးလေးပါပဲ… ဘယ်လိုပြောရမလဲ ကလေးလိုမျိုး ..စာရေးလိုက်ရင်လဲ ပုံနှိပ်စာ ဖတ်ရသလို…
ကျနော်က ကျောင်းပြီးကတည်းက အဖေ့အကူညီနဲ့ cyber လေးတစ်ခုဖွင့်ထားတာ ၂ နှစ်လောက်ရှိပါပြီ…အွန်လိုင်း မှာ အချိန်ပြည့်ရှိနေတတ်ပေမယ့် အွန်လိုင်းပေါ်မှာ သူငယ်ချင်းလဲ မရှိပါ..အလုပ်ရှုပ်လွန်းလို့..အပြင်က သူငယ်ချင်းတွေကလဲ ၃ လနေလို့ တစ်ခါမတွေ့မိပါ…။
ဆိုင်ပိတ်ချိန် ညဖက်လေး ခဏလောက်ပဲ အွန်လိုင်းထိုင်ဖြစ်ပါတယ်..။တနေ့တော့ ဒီ ကောင်မလေးနဲ့ တွေ့မိတယ်…ကျနော့် ဆိုင်ကြော်ငြာမှာ ကျနော့် acc ကိုရေးထားလို့ ကျနော့်ကိုလာ add ကြတာ များတယ်လေ…။ဒီကောင်မလေးပဲ အဲ့လိုပုံစံနဲ့ ကျနော့်ကိုမိတ်ဆက်လာတာပါ..
အစတော့ ပုံမှန်ပါပဲ..နောက်တော့မှ သူ့ပုံစံလေးက တစ်မျိုးမို့လို့ ခင်နေမိပါတယ်…။တမျိုးမှ တကယ့်ကိုတမျိုးလေးပါ..။
“မင်း ဆေးသောက်ထားလား…”
“နွယ်တွေးနေတာ…ကို့ အကြောင်းကို…”
“အမ်..ဆေးသောက်ထားလားလို့ မေးတာလေ…”
“အော် သိပြီ နေ့လည်က မှတ်ထားတာ..ကို့ကို နွယ်လွမ်းနေတာ…”
ကျနော်ပြုံးမိပါသည်..။ကျနော် မေးတာတွေကို သူစိတ်မ၀င်စား ပါ..။
“လွမ်းတယ်ဆို တာကို နွယ်မသိဘူး…
နေ့လည်ကမှ ညီမလေးကို မေးကြည့်တာ သူကပြောတယ် အလွမ်းဆိုတာ နှစ်မျိုးရှိတယ်တဲ့..သူပြောတုန်းက သိတယ် အခုတော့ မမှိတ်မိတော့ဘူး…”
“ဟောဗျ ကောင်းရော …အဲ့တာ ထားပါ နေမကောင်းဘူးဆိုရင် ဘာလို့ အွန်လိုင်းထိုင်နေတာလဲ နားနားနေနေ နေတော့လေ..”
“ကျောမှာ ချွှေးတွေ ထွက်နေလို့…”
“ဟုတ်လား အ၀တ်လဲလိုက်လေ…ပြီးရင် ပြန်အိပ်လိုက်”
“အင်း…”
ဟောဗျ အောက်သွားပြီ..အင်းလေ သူနေမကောင်းလို့ စောစောနားတာပဲ ကောင်းပါတယ်လို့ တွေးမိပါ၏..။
ကျနော့်မှာ သူ့နာမည် နွယ်ဆိုတာကလွဲလို့ ဘာတစ်ခုမှ မသိပါ… သူ့ကိုသံယောဇဉ်တွယ်မိတာ တော့ အမှန်ပါ..တခါတလေ သူပြောတာလေးတွေက တော်တော်ထိပါတယ်..ရိုးရိုးလေး တွေးပြီးတော့ ပွင့်ပွင့်လင်းလင်းပြောတတ်တာကိုလဲ သဘောကျမိတယ်..အပြင်မှာ ချိန်းရင်ကောင်းမလားလို့ တွေးမိပြန်တော့ ကလေးကလားနဲ့ လို့ ကို့ကိုကို ပြန်တွေးမိရင်း ရှက်တာနဲ့ စိတ်ကူးဖျက်လိုက်ရတာ အကြိမ်ကြိမ်ပါ..။ဒါပေမယ့် တွေ့တော့ တွေ့ဖူးချင်သား..။
……………………………………………………………………………………………………………
သား…ငါမင်းအတွက် အိမ်ထောင်ဖက် ရှာထားတယ်…
မနက်စာ ကော်ဖီဝိုင်းမှာ အဖေ ပြောခဲ့တဲ့ စကားကို နားထဲမှာ ပြန်ကြားနေမိပါတယ်… အဲ့ဒီစကားကို ပြန်စဉ်းစားတိုင်း နွယ်ဆိုတဲ့ ကောင်းမလေး အကြောင်းကလဲ နောက်ဆက်တွဲ ကပ်ပါလာပြန်တယ်..
“သူ သက်သာရဲ့လား..”
ဒီနေ့တော့ အချိန်ပေးပြီးတော့ သူနဲ့ ပြောမယ်လို့လဲ စိတ်ကူးမိပါတယ်..။
ဆိုင်ရောက်ရောက် ချင်း ကျနော့်ရဲ့ private acc ကို ဖွင့်ကြည့်လိုက်မိပါတယ်..ထင်တဲ့အတိုင်းပဲ သူ offline message ပို့ထားပါတယ်… စာလုံးလေး နှစ်လုံးတည်းပါ..
“လွမ်းလို့…”
တဲ့လေ..ဒီကောင်မလေး ဝေါဟာရ အသစ်ရလို့ ခဏခဏ ထုတ်ဖော်ပြောနေတတ်တဲ့ မူကြို ကျောင်းသူလေး ကျနေတာပဲ..။
……………………………………………………………………………………………………………………
“ဟဲ့ သီရိ ဒီဆိုင်သေချာ ပါတယ်နော်…. “
“သေချာပါတယ်ဟ အမေကိုယ်တိုင် ရေးပေးလိုက်တာ…”
“ဖုန်းဆက်လိုက်ပါလား…”
“မဆက်ချင်ပါဘူးဟာ ရှက်စရာကြီး.သူက သိချင်မှ သိဦးမှာ..ငါ့ဘာသာသွားကြည့်ချင်လို့..”
“သီရိတို့များနော် ကို့ဘာသာမူခဲ့သမျှ အခုအိမ်က ရှာပေးတော့ လဲ ဟန်တောင်မဆောင်ပါလား…”
“ဟဲ့ အေးမာ ငါက အစောကတည်းက မိဘသဘောတူတာပဲ ယူမှာလို့ စဉ်းစားပြီးသားနော်…”
“အေးပါ နင့်အိမ်က ရှာပေးထားတာ ဘယ်လိုပုံလဲ ဆိုတာ ကြည့်သေးတာပေါ့…”
“ဟဲ့ လာ ခပ်တည်တည်နဲ့ ၀င်ရအောင်…”
သီနဲ့ အေးမာ တို့ နှယောက် ကောင်တာကို တည့်တည့် ချီတက် သွားပါသည်။
“ အကိုကြီး စက်အားလား မသိဘူး…”
“အော် အားပါတယ်ညီမ ဒီအစွန်က ကောင်းတယ် ဘယ်နှလုံးယူမှာလဲ…”
“တစ်လုံး…”
လက်ညိုးလေး အသာထောင်လို့ ပြောတဲ့ကောင်မလေးကို စိုက်ကြည့်လိုက်မိတယ်..ချစ်စရာလေးပါပဲ…လူငယ်ပုံစံ သွက်သွက်လေးနဲ့ ပေါ့ပေါ့ပါးပါးလေး ပါ..။ကောင်မလေးကလဲကျနော့်ကို စိုက်ကြည့်နေပါတယ်…။နေရာချပေးပြီးတဲ့ အထိကို မမြင်ဖူးတဲ့ လူတယောက်လိုကြည့်နေတာပါ…။ ကျနော့်စိတ်ထဲ မှာလဲ တမျိုး ဖြစ်လာပါတယ်…။
“နွယ် များလား…”
“ဟဲ့ ချောလိုက်တာနော်..ဖြောင့်လဲဖြောင့်တယ် နင်တော့ မိုက်တာပဲ ကိုယ်တော်ကလဲနင့်ကိုကြည့်နေတာ သူငယ်အိမ်စောင်းတော့မယ်…”
“ဟဲ့ တိုးတိုး …”
အေးမာပေါင်ကို လိမ်ဆွဲရင်း သူမလဲ ပြုံးလိုက်မိပါတယ်..သူတကယ်ကိုကြည့်ကောင်းတာပဲ…။
…………………………………………………………………………………………………………………
“နွယ်.. သက်သာရဲ့လား…”
“နွယ်အိမ်မက် မက်တယ်..အကို့ကိုလဲ တွေ့တယ်… အကို့ရုပ်ဆိုးတယ်…”
“ဟမ်..ဟုတ်လား မတ္တရားလိုက်တာ အကိုကျတော့ မင်းကို မတွေ့ဖူးဘူး…”
“နွယ့်ကို မတွေ့ပါ နဲ့ ကိုရယ်..နွယ် ငို မှာ…”
“ဘာလို့ ငိုမှာလဲ အကိုက နွယ်ကို မရိုက်ပါဘူး…”
“နွယ် ၇ယ်နေတယ်…”
သူပြောမှ ကျနော် တကယ်ကို ရယ်မိပါတော့ သည်..။
“အကိုတို့ တွေ့ကြမယ်လေ…”
“ဟင့်အင်း..နွယ်မတွေ့ ဘူး…”
“နွယ် သိလား အကို့ကို အိမ်က မိန်းမပေးစားတော့မယ်..”
သူ့ဘက် က တော်တော် ကြာကြာ ငြိမ်သက်သွားပါတယ်..။
“နွယ်ချစ်တဲ့ သူတွေက နွယ့်နား မှာ လဲ မနေကျဘူးနော်… နွယ်အခု မျက်ရည်ကျနေတယ်…”
“နွယ်ရယ်…”
ကျနော် ပြောပြီးမှ မှားမှန်းသိလို့ ပြန်တောင်းပန်ဖို့ ကြိုးစားပေမယ့် သူ အောက်သွားပါပြီ..။
ဟူးးးးး……ဒီတစ်ညတော့ ကျနော် အတွေးသံချောင်း ခေါက်နေရအုံးမှာပါ..။
……………………………………………………………………………………………………………………
“ဟဲ့ သား တိုက်ပုံဝတ်ဦးလေ..”
“ပူတယ် အမေရ.. “
“နေပါစေ ဒီကောင်က ဒီတိုင်လဲ ကြည့်ကောင်နေတာပဲ …”
အဖေ ကတော့ ပျော်နေပုံပါပဲ…။ကျနော်နဲ့ သဘောတူထားတဲ့ မိန်းကလေး ရဲ့ အိမ်က ထမင်းစားဖိတ်လို့ သွားတွေ့ရ မှာ ပါ..။အဖေ့ အလုပ်ရှင် ရဲ့ သမီး နဲ့ ကျနော် အကြောင်းပါအောင် အဖေ တော်တော် စပ်ဟပ်ခဲ့ပုံရပါတယ်.. သားဆိုးသားမိုက် မဖြစ်ချင်လို့သာ ကျနော်လိုက်လျောက် ရပေမယ့် ဘယ်ဘက် ရင်ခွင်တစ်ခြမ်းလုံး မီးတောက်သလို ပူနေပါတယ်…။
“အော်.. နွယ်ရယ်…”
မင်းနဲ့ မတွေ့တာ ၂ ပါတ် ပြည့်တော့မယ်..ငါပို့ထားတဲ့ စာတွေရော မင်းတွေ့ရဲ့လား …..
………………………………………………………………………………………………………
“ဟော လာကြပြီ..လာလာ ဦးသန်းဝေ ရေ… ကျုပ်လဲ မနက်ကတည်းက မျှော်နေတာဗျို့…”
“ဟုတ်ကဲ့ ..ကျနော်သားကလဲ သူ့အလုပ်ကိစလေး ပေါ်လာလို့ နည်းနည်း နောက်ကျသွားတယ်…”
အသားဖြုဖြု နဲ့ ဦးလေး က ကျနော့် အဖေကို နှုတ်ဆက်ရင်းနဲ့ကျနော့်ကို အပြုံးနဲ့ မိတ်ဆက် ပါတယ်..။
ဧည့်ခန်း မှာ ထိုင်မိတော့ ခပ်၀၀ နဲ့ အဒေါ်ကြီးတယောက် ထွက်လာတယ် .. အဖေက အလုပ်ရှုရဲ့ ဇနီးဖြစ်ကြောင်း မိတ်ဆက်ပေးပါတယ်…အခုချိန်ထိတော့ ဟို အမျိုးသမီးကို မတွေ့ရသေးပါ..။ ခဏလောက်ကြာတော့ သူ့ အမေ အခန်းထဲ ပြန်ဝင်သွားပါတယ်..ပြန်ထွက်လာတော့ သူ့နောက်မှာ အရိပ်လေး တစ်ခု ကပ်ပါလာ တယ်…။ကျနော် မြင်ဖူးသလိုလို ရှိလို့ သေချာ ကြည့်လိုက်မိတော့
“အော်….သူပါလား..”
တခါက ကျနော့်ဆိုင်မှာ အင်တာနက် လာသုံးတဲ့ ကောင်မလေး ပါ… ပုံစံတစ်မျိုးလေးမို့ သတိထားမိနေတာပါ.. သူကလဲ ကျနော့်ကို တွေ့ ဖူးပြီးသားမို့ အစိမ်းသက်သက်တော့ မဟုတ်ပေမယ့် မျက်ဝန်းတွေကတော့ ရှက်နေကြောင်း ၀န်ခံနေပါတယ်..။
စကား အတော်ကြာ ပြောပြီးတော့ ကျနော်တို့ နေလည်စာစား ကြတယ်…
ဧည့်သည်ရောက်နေရင် မိသားစုနဲ့ ထမင်းအတူမစား တတ်ဘူးလို့ ပြောတတ်တဲ့ နွယ် ကို သတိရ မိပြန်ပါသည်…။ ဟင်းတွေထဲမှာလဲ နွယ်ကြိုက်တယ်လို့ ပြောဖူးတဲ့ ကိုက်လံကျော် ပါလာပါသေးတယ်..။ ဟူး … မလွယ်ပါလားနော်…။
ထမင်းစား ပြီးတော့ ပညာရေး အကြောင်းအလုပ်အကိုင်ကြောင်း ပြောရင်းနဲ့ ကျနော် အင်တာနက် ဆိုင်ဖွင့်ထားတာကို ပြောဖြစ်ကြပါတယ်…။
“သား က ကိုယ်တိုင် လဲ အိမ်တိုင်ရာရောက် အင်တာ နက် လိုက်ချိတ် တယ်နော် …”
“ဟုတ် အခုဆိုရင် တော်တော် များများ သုံးနေကြပြီလေ…”
“အော် အေ အင်တာနက် ဆိုလို့ သမီး လေး ကွန်ပျုတာ နက်မရတာကြာပြီဆို .. သား ကိုကြည့်ခိုင်းလိုက်ပါလား…”
“ဟင်…”
၇င်တစ်ချက်ဆောင့်ခုန်သွားပါတယ်..ဘာဖြစ်တာပါလိမ့်လို့ ကို့ကိုကို ပြန်မေးရင်း ကျနော်ကွန်ပျုတာ ခန်းကိုထွက်လာ ခဲ့တယ်…
ကွန်ပျုတာကို နက်ချိန်ကြည့်လိုက်တယ် .. မရပါ…ဖြစ်နိုင်ချေ ရှိတဲ့ဟာကို လိုက်ပြီးအပြစ်ရှာလိုက်တော့ ၁၀ မိနစ်လောက်အကြာမှ အားလုံးအဆင်ပြေနေပါပြီ… ကျနော် ထိုင်ခုံက ထမယ်လို့ ဟန်ပြင်ပြီးတော့မှ စဉ်းစား မိတာနဲ့ toolbars ပေါ်က gmai shortcut တစ်ခုကို ခေါ်လိုက်ပါတယ်….
ဟာ…. ရုတ်တရက် ကို့မျက်လုံးကို မယုံနိုင်လောက်အောင်ကို ဖြစ်သွားပါတယ်…ပေါ်လာတဲ့ gmail box လေးရဲ့ User name မှာ ပေါ်လာတာက နွယ်ရဲ့ account လေးပါပဲ…။
ဟားးး ရုတ်တရတ် လေထဲမှာ မျှောသွားသလိုပါပဲ.. အကျယ်ကြီးအော်ဟစ် ပြစ်လိုက်ချင်ပေမယ့် ပြုံးရုံလေးနဲ့ပဲ ကျနော် စိတ်ကို ဖြေလျော့ချလိုက်ရပါတယ်.. ကျနော် အပြုံးဖြင့် အနောက်မှာ ရပ်နေတဲ့ ကောင်မလေး ကိုကြည့်လိုက်ပါတယ်…
“မင်း နာမည် မသိသေးဘူး နော်…”
“အော်..ညီမ နာမည်က သီရိနွယ်ပါ…”
အော်…
အဲ့ဒီနေ့က ကျနော် ဇဝေဇ၀ါနဲ့ ပြန်လာခဲ့ ရပါတယ်..။
………………………………………………………………………………………………………………..
ဒီနေ့ ဆိုင်မှာ လူရှင်းနေပါတယ်… ကျနော်လဲ နွယ်နဲ့ ကျနော့်အကြောင်းလေးတွေကို ဘလော့တစ်ခုလုပ်ပြီးတော့ ရေးနေမိတယ်..ဘယ်လောက်တောင် ကြာသွားလဲ မသိ ခေါင်းကိုက်လာတာနဲ့ လမ်းမဖက်ကို ကြည့်ရင်း မျက်စီ အညောင်းဖြေလိုက်ရပါတယ်…စိတ်ထဲမှာတော့ နွယ့်အကြောင်းကိုတွေးနေမိတုန်းပါပဲ…
သီရိနွယ် ဟာ နွယ်များလား ..နွယ်ဆိုရင် ကျနော့် စိတ်ထဲက ခံစား သိရှိပြီးသား ဖြစ်နေရမှာပါ..အခုတော့ သီ၇ိနွယ်ကို ကျနော့် နွယ် ကဲ့သို့ ခံစားလို့ မရပါ..။ နွယ် ရဲ့ စကားပြောဟန်နဲ့ စိတ်ထားလေးတွေကို ပြီးတော့ နွယ်နဲ့ ကျနော်ရဲ့ ရင်နှီးမှု ဒါတွေကို သီရိနွယ်ထံမှာ မတွေ့ ရပါ..။ထီပေါက်ပြီးမှ ထီလက်မှပြောက် နေရတဲ့ ကျနော့်အဖြစ်ပါ..။
ကျနော်ကြည့်နေတဲ့ လမ်းမကြီးရဲ့ တဖက်မှာ ကားမှတ်တိုင် တစ်ခုရှိပါတယ်…
ယိုင်နဲ့နေတဲ့ ကားမှတ်တိုင်လေးရဲ့ နားမှာ ကောင်မလေးတယောက် ကျနော့်ဆိုင်ကိုကြည့်နေသလို တစ်ခုခု ကိုတွေးနေသလိုနဲ့ မျက်မှောင်လေးကျုံ့ နေပြီးတော့ ၇ပ်နေတာကို ကျနော်သတိထားမိလာသည်…နက်မှောင်ရှည်လျားတဲ့ ဆံပင်များက မဟာဆန်လှ၏.. မျက်နှာလေးက နွမ်းနွမ်းလေး ဖြစ်နေပေမယ့် လှပပြီး အပြစ်ကင်းနေတဲ့ ပုံစံလေး ကိုတော့ ဖုံးဖိ လို့ မရအောင်ကို ပေါ်လွင်နေပါတယ်…
ရုတ်တရတ် မိုး ရွာလာတယ်..။ ကောင်မလေးကတော့ ဘယ်မှ မရွေ့ပါ တဖြည်းဖြည်းနဲ့ သူလဲ စိုရွဲလာပါတော့ သည်…။ကျနော် ဒီအတိုင်း ကြည့်မနေနိုင်တော့ပါ …ဆိုင်ဒေါင့် မိသားစုထီိးကြီးကို ယူပြီး ကားလမ်းကို ကူးလိုက်ပါတယ်..သူ့နားရောက်တော့မှ ကျနော် သူ့ကို သေချာကြည့်ဖြစ်ပါတယ်…

“အား လှလိုက်တာ…”
ကျနော် စိတ်ထဲကပဲ ပြောဖြစ်ပါတယ် …ဇာတ်လမ်းရှာတယ်ထင်နေမှာလဲ ဆိုးတာကြောင့် ထီးကို ထိုး ပေးလိုက်တယ် သူမက မယူပါ..ကျနော့်ကိုပဲ ကြည့်နေပါတယ်..သွေးေ၇ာင် ဖျော့လျှနေတဲ့ သူ့ နှုတ်ဖျားကလဲ တစ်ခုခု ကို ပြောတော့မလိုလို ..ကျနော်လဲ သူ့ကို ကြည့်နေမိပြန်ပါတယ်..ရုတ်တရက် ကျနော် ရင်ခုန်သံတွေ မာလာတယ်..ရင်ဘတ်တစ်ခုလုံး ကွဲထွက်တော့မလိုကို တုန်ခါနေပါတယ်..။ကျနော်စိတ်ကို ထိန်းလိုက်ပါတယ်..ပြီးတော့ ကျနော့် နှုတ်ခမ်းတွေထဲကနေပြီးတော့ စကားသံ မပိမသ ထွက်ကျလာတယ်….
“ထီးယူလေ…”
သူက စက်ရုပ်တစ်ရုပ်လို ထီးကိုလှမ်း ယူတယ်..ကျနော် သိလိုက်ပါတယ် သူအပြင်းဖျားနေတာပဲ သူ့ရဲ့ အပူချိန်က ကျနော့် ဆီကိုတောင် လာဟပ်ပါတယ်..
“မင်းဖျားနေတာပဲ… ဒိမှာ မနေနဲ့တော့လေ အိမ်ပြင်ချင်ပြန် ဆေးခန်းသွားချင်သွား လေ…”
သူက ချက်ချင်းခေါင်းညှိတ်ပါတယ်..
ကျနော့် စိတ်ထဲမှာ နွယ့်ကို သတိရမိတယ်..သူလဲ ကျနော်ပြောသမျှ နားထောင် တတ်သည် လေ..။ကားကတော်တော် နဲ့ မလာပါ…သူပြန်ရော ပြန်တတ်ရဲ့လား…။မထူးပါ အဆုံးထိကူညီတာပဲ ကောင်းတယ်လို့ တွေးမိပါတယ်.
“အကို လိုက်ပို့ပေးမယ်.. အဆင်ပြေလား…”
သူပြာပြာသလဲ ခေါင်းခါပါတယ်..
“ဒါဆိုလဲ အဌားကားတစ်စီး တားပေးမယ်လေ.. ပိုက်ဆံ မပါရင် ကျနော်ပဲရှင်းပေးမယ်..ဟုတ်ပြီလား …”
ကျနော်ကားတားဖို့ လမ်းပေါ်ကိုဆင်းလိုက်တော့ ကျနော့်လက်မောင်းတစ်ဖက်ကို သူဆွဲ ထားပါတယ်..ကျနော် လှည့်ကြည့်လိုက်တော့ သူ ခေါင်းခါပြတယ်.. ပြီးတော့ သူ ငိုနေတယ်..
“ဟင် ဘာလို့ ငိုတာလဲ .. .”
ကျနော်ပြောမှ သူတရှိုက်ရှိုက် ငိုပါတော့သည်…။ပြီးတော့ သူ တဖြည်းဖြည်းနဲ့ ကျနော့်ပေါ်ကို မှီကျလာပါတော့ တယ်..။ ကျနော် အဌားကားတစ်စီးကို လက်ပြလိုက်ပါသည်..သူ့ဆီက ခွင့်ပြုချက်ကိုလဲ တောင်းမနေတော့ပါ..။
ကားပေါ်ကို သူ့ကို ထိန်းပြီးတင်လိုက်ပါတယ်..ပြီးတော့ သူ့ကို ယောက်တည်းလွတ်လိုက်ရမှာလဲ ကျနော် စိတ်မချစွာ ကိုယ်တိုင် လိုက်ခဲ့မိတော့တယ်..
ကားပေါ်ရောက်တော့ သူ့ ဆံပင်တွေကို ရှေ့ချပြီးတော့ ခုနက ငိုတာ သူမဟုတ်သလို ကျနော့်ကို လဲ မသိတဲ့ လူတယောက်လို ( တကယ်လဲ မသိပါဘူး ) တဖက်လှည့်နေပါတယ်.. “ဟိတ် …”
သူက ပြန်မထူးပါ ကြားတယ်ဆိုတာကိုတော့ အမူအယာနဲ့ ပြပါတယ်..
“အိမ်လိပ်စာပြောလေ…”
သူငြိမ်သွားပါတယ် …ကားသမားလဲ ဘာလုပ်ရမှန်းမသိပဲ ကြောင်တောင်တောင် နဲ့ ထိုင်နေပါတယ်…သူ ကျနော့်ဘက်ကို တဖြည်းဖြည်း လှည့်လာပြီးတော့ ငိုထားလို့ နီနေတဲ့ မျက်ဝန်းတွေနဲ့ ကျနော့်ကို ကြောင်တောင်တောင် ကြည့်နေပါတယ်..ကျနော်လဲ ကြောင်တောင်တောင် ဖြစ်နေပါပြီ.. ဒါပေမယ့် သူ့ကို တစိမ်း တယောက်လိုတော့ စိမ်းသက်မနေပါ …သူ့ခံစားချုက်တွေကို နားလည် မိသလိုပါပဲ… သူ က ကျနော့်လက်ကို လာကိုင်ပါတယ်…ပြီးတော့ ဘယ်ကနေ ဘယ်လို သူ့လက်ထဲမှာ ရှိနေလဲ မသိတဲ့ ဘောပင် တချောင်းနဲ့ ကျနော့်လက်ဖ၀ါးပေါ်ကို စာရေးပါတော့သည်..။
အော်..သူစကား မပြောတတ် ရှာဘူးကိုး…။ သူ့ကို သနားသွားမိပါတယ်..သူရေးထားတဲ့ စာကိုလဲ ငုံ့ဖတ်လိုက်တယ်..။
ဟမ်..ကျနော့်မှာ အံ့သြလွန်းလို့ မိုက်ခနဲတောင် ဖြစ်သွားပါတယ်..ပြီးတော့ ကျနော် အရမ်းလဲ ပျော်သွားမိတယ်..သူ ကျနော့်လက်ဖ၀ါးပေါ်မှာ ရေးထားတာက နာမည်တစ်ခုပါ..
ညီမလေး သီရိနွယ်
တဲ့လေ.. ကျနော် မှာ ပျော်လွန်းလို့ စကားတောင် ပီအောင်မပြောနိုင်တော့ပါ…
“ကားဆရာ ကမာရွတ်…”
သူကတော့ ကားတစ်ဖက်စွန်းဒေါင့်လေးမှာ ကျုံကျုံ့လေးထိုင်နေတယ်...ကျနော် သူ့ဘေးနားကို တဖြည်းဖြည်း ကပ်သွားပါတယ် .. နင်ဂျာ တစ်ကောင်လို ပေါ့.. သူ့လက်ကို ကျနော်ဆုပ်ကိုင်လိုက်တော့ သူတချက်တွန့်သွားပါတယ်..
“နွယ် …”
သူတယောက်ပဲ ကြားနိုင်မယ့် အသံနဲ့ ခေါ်လိုက်ပါတယ်…
“အရူးမလေး မင်း အကိုနဲ့ မတွေ့ချင်တာ ဒါကြောင့်လား အကိုက မင်းရဲ့ စိတ်ကို ခင်မင် မိတာ သံယောဇဉ် ထားမိတာပါ ..မင်းလှတာ မလှတာ မင်းမှာ ချို့ယွင်းချက်တွေ ရှိနေတာတွေ က အကို့ အတွက် အကျိုးသက်ရောက်မှု မရှိဘူးနော်… အကို ပြောတာကို သိတယ် မှလား အကိုပြောတာကိုရော ယုံရဲ့လား…”
သူဖြေးဖြေးလေး ခေါင်းညှိတ်ပြ တယ်
“မင်း နာမည်တော့ ပြောဖို့ သင့်ပြီနော်…”
သူက ကျနော့် လက်ခံပေါ်မှာ ဘောပင် နဲ့ရေးပြပါတယ်..
မေတ္တာနွယ် တဲ့..
အေးမြလှတဲ့နာမည်လေးပါ နှလုံးသားထဲထိ ဆိမ့်ဝင်သွားပါသည်...
သူကို ကျနော် ထွေးပွေ့ထားလိုက်ပါတယ်..သူကတော့..တရှိုက်ရှိုက် နဲ့ ငိုနေတုန်းပါပဲ
“ဟိတ် ဘာလို့ ငိုနေတာလဲ အကို နွယ့်ကို မရိုက်ပါဘူးနော်…”
သူပြုံးပါတယ် ကျနော်မမြင်ရပေမယ့် ကျနော့်ရင်ခွင်ထဲမှာ ရှိတဲ့ သူ့ရဲ့ အထိအတွေ့နဲ့ ကျနော် သိနေတာပါ..အထိအတွေ မရှိပေမယ့်လဲ ကျနော်တို့ အသိ နဲ့လဲ မမြင်ရရင်တောင် သိနေဦးမှာ ပါ…
ကျနော် နွယ့်လက်ကို ဆွဲယူလိုက်ပါတယ် ပြီးတော့ သူ့လက်ပေါ်မှာ ရေးလိုက်ပါတယ်…
“နွယ့်ကို ကို အရမ်းချစ်တယ်..”
ကျနော်နှုတ်ကလဲ နွယ်ကိုထွေးပွေးရင် ပြောလိုက်ပါတယ်..
“ဘာဖြစ်ဖြစ် ရင်ဆိုင်ကြမယ်နော်…”
သူ ဘာမှ ပြန်မတုံ့ပြန်ပါ…ဒါပေမယ့် သူလဲ ပျော်နေမယ် ဆိုတာ ကျနော် သိနေပါတယ်..။ကျတော်တို့ က အသိနဲ့ အရင် ဆက်သွယ်ထားကြတဲ့ အွန်လိုင်းချစ်သူတွေ လေ..။

Stand by ...

မိုးတွေ ရွာနေတယ် ချစ်သူ .. လူသားတွေ အေးချမ်းဖို့ အတွက် သူ ငိုကြွေးပေးနေတာပါ ချစ်သူ…ငါ့ ရင်ထဲမှာ လဲ ငိုနေပါတယ် ချစ်သူ… မင်းလေး ပျော်ရွင်အေးချမ်းနေစေချင်ရုံသက်သက်ပါ…။
ထုံးလိုမွေ ရေလိုနှောက် ငါ့ဘ၀ကိုမင်း ကြိုက်သလို ကစားပြီးသွား၇င် … တစ်စိတ်တစ်ပိုင်းဆီ ဖြစ်နေပါစေ ချန်ထားခဲ့ပါ..။
(((((လှည့်မကြည့်ပါနဲ့…။))))) အမြင်မတော်တဲ့ တယောက် ကောက်ပြီးပစ်သွားပါလိမ့်မယ်..။
ဌက်တစ်ကောင်လို လွပ်လပ်စွာ ပျံသန်းနေတဲ့ မင်းဘ၀လေးမှာ ငါက သစ်တစ်ကိုင်းပေါ့…။ မင်းမောလို့ ငါ့စံနန်းမှာ ခဏတာ အမောဖြေပြီးလို့ လိုရာသွားတော့ မယ်ဆိုပါတော့လေ…။ ငါကျေနပ်ပါတယ်..မင်းအငွေ့သက်လေး ကျန်ခဲ့လို့ပေါ့…။ ဒါပေမယ့် မင်းကကြိုးကြားဌက်တစ်ကောင် ဖြစ်နေပြီးတော့ ငါက ကြွတ်ဆတ်ဆွေးမြေ့နေတဲ့သစ်ခြောက်တစ်ပင်ရဲ့ သစ်ကိုင်း တစ်ခု ဖြစ်နေခဲ့တယ် ဆိုတာကိုတော့...။
ခြောက်သွေ့ အထီးကျန်နေတဲ့ ငါ့ဘ၀ မှာ မင်း၇ဲ့ အငွေ့အသက်လေးတွေ ကို မက်မောမိခဲ့တယ်…။ ပျက်ဆီးကြွေမွ သားတဲ့ ငါ့ဘ၀နဲ့ စံနန်း ကိုတော့ ငါ သတိ မမူခဲ့မိဘူး ချစ်သူရယ်..။
အလွမ်းထက် အနမ်းကို မက်ခဲ့သူ…အမုန်းထက် အချစ်ကို တောင်းခဲ့ပေမယ့်..ငါရခဲ့တာ ဥပေကာနဲ့ အရှုံးပါ…။
၇င်ထဲထိုးထည့် ထားတဲ့ အချစ်က နက်လာလေလေ ငါ့ အသက်ရှုလမ်းကြောင်းကို ပိတ်လေလေ ပါလား…။
ဖြေဆေး မရှိမှန်း သိလျက်နဲ့ ဒီအဆိပ် ကို ငါ ကြိုက်ခဲ့မိတယ်…ပြီးတော့ အဲ့တာ အရမ်းခါးတယ်ဆိုတာ လဲ သိနေသေးတယ်…။
မိုက်တယ်နော်… ငါ ကမ်းကုန်အောင် မိုက်မိတယ်…တောက်ခေါက်ရလွန်းလို့ လျှာဖျား မှာတောင် အသားမာ တတ်နေပါပြီ..။စိတ်ရှိတိုင်းသာ ချွေပြစ်လိုက်မယ်ဆိုရင် ငါ့ခန္ဓာကိုယ် တစ်ခြမ်းက အငွေ့ပျံသွားတာ ကြာပေါ့..။
ချစ်မိပြီဆိုတာနဲ့ ငါ့ဦးနှောဏ်ကို မင်းသော့ခတ်ထားလိုက်တော့ တာပဲ…နော်။
ငါကလဲ မင်း နှဖားကြိုးထိုးဖို့ စို့ချွန်နေမှန်းသိနေတာတောင် မေးတငေါငေါ့ နဲ့ ပျော်နေမိတယ်လေ…။
ကိုဂျောက်ဂျက် ကြီး ပြောသလိုဆိုရင် လူတယောက်ကို အောက်ကျနောက်ကျ ချစ်တတ်အောင် သင်ပေးရက်ခဲ့သူလား..။
ငါ မင်းကို အဲလို မထင်ပါဘူး…
ငါကလေ မင်းကိုချစ်မိကတည်းက ငါ့ဘ၀ ဆိုတာ မင်းရဲ့ extra life လို့ခံယူးထားလိုက်တာ…
မင်းနာကျင်မယ်ဆိုရင် ငါအစားဝင်ခံလိုက်မယ်…ပျော်စရာဆိုရင်တော့ ငါ့ကို pause ပေးထားပေါ့…။
မင်းသိထားပါနော်…မင်းမှာ ဘ၀နှစ်ခုရှိတယ်ဆိုတာ … မင်းအတွက် နာစရာဆိုတာရှိလာရင် ငါကို သတိရပေးပါ..မင်းအနားမှာ ငါ အမြဲ stand by ပါ…။

 
template by suckmylolly.com flower brushes by gvalkyrie.deviantart.com